Image via Myanmar Muslim Media
သန်းခေါင်စာရင်း
Showing posts with label ဆောင်းပါး. Show all posts

7 Feb 2014
၂၀၁၄ သန်းခေါင်စာရင်းနှင့် မြန်မာမွတ်စလင် လူမျိုးစုများ
အစ္စလာမ် ဘာသာဝင် လေ့လာသူတဦးရဲ့ မြန်မာနိင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များအတွက် ၂၀၁၄ သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ဆွေးနွေးတင်ပြထားချက်ဖြစ်ပါသည်။
Image via Myanmar Muslim Media
Image via Myanmar Muslim Media
29 Jan 2014
မြန်မာမွတ်စလင်တွေကို သန်းခေါင် စာရင်းမှ စာရင်းဖျောက်ခြင်း (STATISTICAL GENOCIDE)
စက်တင်ဘာ ၁၇
ဆောင်းပါးရှင်- အောင်တင်
တခါတခါ စဉ်းစားမိတယ်။
မြန်မာ့ဒီမိုခေါင်းဆောင် ဆိုသူတွေနဲ့ အစိုးရလုပ်သူတွေဟာ အိပ်ပျော်နေရင်း လမ်းလျှောက်နေကြသူတွေလား။ အိပ်ပျော်ချင်ယောင်ဆောင်ပြီး လမ်းလျှောက်ပြနေ သူတွေလား။
အခြားနေရာတွေမှာသာ ဒီမိုခေါင်းဆောင်တွေနဲ့ အစိုးရတို့ သဘောထား မတူတာ ရှိချင် ရှိနေမယ်။ မြန်မာပြည်က မွတ်စလင်တွေနဲ့ ပတ်သက်ရင် အများစုကြီးက အိပ်လျှက်ဖြစ်ဖြစ်၊ အိပ်ချင်ယောင်ဆောင်လို့ဖြစ်ဖြစ် လမ်းလျှောက်ပြနေကြတာကတော့ တူကြတယ်။ Truth is Bitter. အမှန်တရားဆိုတာ ခါးသီးတယ်လို့ ဆိုပါတယ်။
တစ်ချိန်က မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာစတဲ့ တိုင်းရင်းသား အမည်စာရင်းဝင်သူတွေ အကုန်လုံးကို ၁၉၈၂နိုင်ငံသား ဥပဒေအရဆိုပြီး အရှင်လတ်လတ် ဘင်္ဂါလီနဲ့ စပ်ပစ်လိုက်တာ တချို့ဆိုရင် လူမျိုးရှစ်မျိုးလောက်စပ်ပြီး (ဥပမာ – ဘင်္ဂါလီ+ရှမ်း+မွန်+ကရင်+မြန်မာ+ပလောင်+ချင်း+ကချင် လူမျိုးလို့) မှတ်ပုံတင်မှာ တရားဝင် စာရင်းပေါက်နေကြပါပြီ။ ကိုယ့်ကိုကိုယ် ဘာလူမျိုးဖြစ်ကြောင်း ပြောချင်ရင် ရေသောက်ပြီး၊ နားပြီးမှ ပြောလို့ ရတော့မဲ့ကိန်းဘဲ။ တပ်မတော်က မဟာဦးနှောက်နဲ့ တီထွင် ထားသော ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မကြားဖူးတဲ့ အံ့ဘွယ် လူမျိုးအမည်တွေ ဖြစ်ပါတယ်။ ဒါက လက်တွေ့ဖြစ်ရပ်တွေပါ။ စိတ်ကူးယဉ် မဟုတ်ဘူး။ ဒီလူတွေကို သန်းခေါင်စာရင်းမှာ ဘယ်လို အမည်စာရင်းသွင်းကြမလဲ။
ဒီမွတ်စလင်တွေထဲကဘဲ တဖအေ၊ တမအေထဲက မွေးချင်းချင်း အတူတူ ၁၉၈၂ နိုင်ငံသားဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ဗုဒ္ဓဘာသာကို ပြောင်းကိုးကွယ်သွားရင် ဦးခင်ရီတို့က မြန်မာလူမျိုးလုပ်ပြီး ဆွဲစားလိုက်တယ်။ မွတ်စလင်ဖြစ်နေဆဲဆိုရင် ဘင်္ဂါလီနဲ့ စပ်ပြီး ကပြားလုပ်ပစ်လိုက်တယ်။ ဖအေ၊ မအေ ဗုဒ္ဓဘာသာ မြန်မာ ကမွေးပြီး နောက်ပိုင်းမှာ အစ္စလာမ်ကို ပြောင်းလဲကိုးကွယ်သူ ဖြစ်ရင်လည်း မူလမြန်မာလူမျိုး အဖြစ်ကနေပြီး ဘင်္ဂါလီကပြားလို့မှတ်ပုံတင်မှာ နောင်ကျဉ်သွားအောင် ကန်ထုတ်ပစ်လိုက်ပြန်ရော။ ဘာသာပြောင်းရင် လူမျိုးပြောင်းတယ်တဲ့ဗျာ။ အံ့ရော။ ၁၉၈၂ခုနှစ်ကတည်းက ဘာသာရေးကို နိုင်ငံရေးလက်နက်အဖြစ် မဟာလူမျိုးကြီးဝါဒ အသက်သွင်းရေးကို ဗြောင်အသုံးချနေသော ကမ္ဘာပေါ်က တစ်ခုတည်းသော လူမျိုးရေးအစွန်းရောက်နိုင်ငံ (Racist State)ပါ။ အတော်လေးကို အရှက်နဲကြပါတယ်။
မြန်မာပြည်ထဲကို လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ဝင်ရောက်လာတာ လူမျိုးတစ်ဒါဇင်တောင် မရှိပါဘူး။ လူမျိုးချင်းစပ်ပြီး ကပြားတွေ ပေါက်ဖွားလာလိုက်တာ တိုင်းရင်းသားလူမျိုး (၁၄၄)ဖြစ်ခဲ့တယ်။ ဒီထဲက ကပြားချင်းအတူတူ အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာ၊ မြေဒူး၊ ပသျှူး၊ ပန်းသေးစသူတွေကို တမင်ရွေးပြီး စစ်အစိုးရက မိမိသဘောနဲ့ တိုင်းရင်းသားစာရင်းက ပယ်ဖျက်လိုက်တဲ့အတွက်ကြောင့် အစ္စလာမ်သာသနာဝင် မြန်မာတိုင်းရင်းသားတွေဟာ အရှင်လတ် လတ် နေ ရင်းထိုင်ရင်းနဲ့ ခိုးဝင်လာသူ၊ နိုင်ငံမဲ့သူ၊ ဧည့်သည်တွေ၊ နိုင်ငံခြားသားတွေသဖွယ် အနှိမ်ခံနေကြရတာ ကြာပါပြီ။
တိုင်းရင်းသားဖြစ်ပြီးသူတွေကို တိုင်းရင်းသားစာရင်းက ပယ်ဖျက်ဖို့ ကမ္ဘာပေါ်မှာ ဘယ်လိုအစိုးရမျိုးမှာမှ လုပ်ပိုင်ခွင့်အာဏာ မရှိဘူး။ အဲဒီ စစ်အစိုးရ ဗိုလ်ချုပ်တွေ မမွေးခင် ပဝေသဏီကတည်းက တိုင်းရင်းသားဖြစ်နေသူတွေကို မနေ့တနေ့ကမှ မွေးလာတဲ့ ဗိုလ်ချုပ်တွေက မွတ်စလင်ဖြစ်ခြင်းကြောင့် တိုင်းရင်းသား မဟုတ်တော့ ဘူး လုပ်လာတာကို ကျနော်တို့ လုံးဝ လက်မခံပါဘူး။
၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ ပြဌာန်းပြီးနောက် အစိုးရအဆက်ဆက်က ချမှတ်ထားတဲ့ မူများအရ အစ္စလာမ်သာသနာဝင်တွေကို အစိုးရဌာနတွေမှာ အလုပ်မခန့် ချင်ကြဘူး။ အဆင့်မြင့်ပညာသင်ကြားရေးမှာ ပိတ်ဆို့ခံနေရတယ်။ တရားခွင်တွေ၊ အစိုးရရုံးတွေ၊ ရဲဌာနတွေမှာ ပိုမိုခွဲခြား ဖိနှိပ်ခံနေကြရ တယ်။ နိုင်ငံသားမှတ်ပုံတင် ရရှိရေးလည်း ခက်ခဲလာတယ်။ ခရီးသွားရာမှာ အစော်ကားခံရဆုံး လူတန်းစားဖြစ်လာတယ်။ အခြားအသက်မွေးဝမ်းကြောင်း မှုတွေ ပိတ်ပင်ထားတော့ ထမင်းစားဖို့၊ အသက်ရှင်ဖို့ လုပ်စရာက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဈေးဆိုင်ဖွင့်တာဘဲ ကျန်တော့တယ်။ ဒီကျဉ်းကျဉ်းလေးရှိတဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း ဒီမိုကရေစီ ဦးသိန်းစိန် လက်ထက်ရောက်ကာမှ သမိုင်းမှာ မကြုံဖူးအောင် အပြင်းထန်ဆုံး စနစ်တကျ တိုက်ခိုက်ဖျက်ဆီးတာကို ခံလိုက်ရတော့တာပါဘဲ။
လက်ရှိ မြန်မာပြည်မှာ လူဦးရေ သန်း(၆၀) ရှိပါတယ်။ အစ္စလာမ်သာသနာဝင်က ရိုဟင်ဂျာအပါအဝင် အနည်းဆုံး ၅%ကနေ ၁၂%အထိ ရှိနိုင်တယ်လို့ အမျိုးမျိုး ခန့်မှန်းကြ တယ်။ အနည်းဆုံး ခန့်မှန်းချက် ၅%ဖြစ်ရင်တောင် လူဦးရေသုံးသန်းဆိုတာ မြန်မာလူမျိုးပြီးရင် ဒုတိယအင်အားအကြီးဆုံး လူအုပ်စုကြီး ဖြစ်ပါတယ်။
ဒီလူအုပ်စုကြီးက နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေ၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ၊ တိုင်းပြည်ရဲ့ စွမ်းအားစုတွေဖြစ်တယ်။ တိုင်းပြည်တစ်ပြည်မှာ ဒုတိယလူဦးရေ အများ ဆုံးဖြစ်တဲ့ လူအုပ်စုကြီးကို ခွဲခြားဖိနှိပ်ပြီး တရားမျှတ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ထောင်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို လည်း မြင်နိုင် တဲ့စွမ်း အား ရှိကြဟန်တောင် မတူပါဘူး။ အတော်လေးကို အမျှော်အမြင် ကြီးကြပေပါတယ်။
မွန်၊ ကရင်၊ ကချင်စစ်စစ်တွေတင်မက တိုင်းရင်းသားကပြားတွေကိုပါ မြန်မာလူမျိုးစာရင်းထဲမှာ မလိမ့်တပတ်နဲ့ သွင်းထားလို့ သက်ဆိုင်ရာ တိုင်းရင်းသားတွေ အလုံအလောက် ရှိလျှက်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး မရတဲ့ ပြသနာတွေကြောင့် ဝေဖန်ကန့်ကွက်နေကြတာတွေကို အားလုံး ကြားသိနေကြပါ တယ်။ မြန်မာ မွတ်စ လင် အများ အပြားကို ၁၉၇၂ သန်းခေါင်စာရင်းထဲမှာ မြန်မာလူမျိုးအဖြစ် တမင်ရေးသွင်းခဲ့တာကိုလည်း ကျနော်တို့ မမေ့သေးပါဘူး။ ဒါတွေကြောင့် မွတ်စလင် အပါ အဝင် တိုင်းရင်းသားဦးရေက အလွန်နည်းပြီး မြန်မာက အလွန်များနေတာ၊ ဗုဒ္ဓဘာသာက အလွန်များနေပြီး အခြားဘာသာဝင်တွေက အလွန်နည်းနေ ခဲ့တာ ဖြစ် ပါတယ်။
နှစ်ခါအလိမ်ခံရရင် အလိမ်ခံရသူရဲ့အပြစ်ဖြစ်တဲ့အတွက် ဒုတိယအကြိမ် အလိမ်မခံရအောင် သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်တွေက ၂၀၁၄သန်းခေါင် စာရင်းကို အစိုးရက မကောက်ခင် မိမိတိုင်းရင်းသား ဦးရေစာရင်းကို ကြိုပြီးကောက်နေကြပါပြီ။ ဒါက ဦးသိန်းစိန် အစိုးရရဲ့ သန်းခေါင်စာရင်းကို တိုင်းရင်းသားတွေက လုံးဝ အယုံအကြည် မရှိပါဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။
မြန်မာမွတ်စလင်နဲ့ ပတ်သက်လို့ ဦးခင်ရီက တိုင်းရင်းသား (၁၃၅)မျိုးမှာ မပါရင် မည်သည့်လူမျိုးအဖြစ် ရေးသွင်းသည်ဖြစ်စေ၊ အခြားလူမျိုးစာရင်းမှာ ထဲ့လိုက် မယ်လို့ ပြောနေပါတယ်။ လွန်ခဲ့သော နှစ်တစ်ထောင်ကျော် မြန်မာနိုင်ငံစတင် တည်ထောင်ကတည်းက သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေကို တန်းတူပေး ဆပ်ခဲ့တဲ့၊ တိုင်းပြည်လွတ်လပ်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲမှန်သမျှမှာ တန်းတူရည်တူ အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ မြန်မာပြည်က မွတ်စလင်တွကို အမည်သညာမဲ့၊ မှတ်တိုင်မဲ့ အခြားလူမျိုးအဖြစ် စာရင်းဖျောက်မယ်ဆိုတာက အင်မတန် တာဝန်မဲ့သော၊ အင်မတန် သစ္စာမဲ့သော၊ အင်မတန် ကျေးဇူးကန်းသော လုပ်ရပ်ဖြစ်ပါတယ်။
တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲ ဝင်ကြတုန်းကတော့ မွတ်စလင်တွေလည်း ပါဝင်ကြပြီး အားလုံး အတူတူလို့ ပြောခဲ့တယ်။ အခုလွတ်လပ်ရေး ရမယ်တောင် မကြံသေး ဘူး၊ ခွဲခြားခွဲခြား လုပ်ချင်လာကြတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားကို ယနေ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဘယ်နှစ်ယောက် သတိရကြပါ သလဲ။
တစ်ကယ်တော့ တိုင်းပြည်တစ်ပြည်မှာ နှစ်ကာလရှည်ကြာစွာ တဆက်တည်း အေးအတူ ပူအမျှ၊ သေဖေါ်သေဖက်၊ တိုက်ဖေါ်တိုက်ဖက်၊ တိုင်းပြည်ထူထောင်ဖေါ် ထူထောင်ဖက်ဖြစ်သည့်အပြင် သွေးချင်းလည်း စပ်နေကြတဲ့ တိုင်းရင်းသားတွေကို အမည်မဲ့ လူမျိုးအဖြစ် စာရင်းဖျောက်မယ် (STATISTICAL GENOCIDE) ဆိုလိုက် တာကတော့ ရက်စက်လွန်း၊ ပက်စက်လွန်းပါတယ်ဗျာ။
အောင်တင်

23 Jan 2014
သန်းခေါင်စာရင်းတွင် အသုံးပြုမည့် နည်းပညာ
ဇန်နဝါရီ ၂၂၊ ၂၀၁၃
M-Media
M-Media
ရေးသူ- O'Laie Manzu
နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အင်္ဂလန်အခြေစိုက် DRS Data Services ကုမ္ပဏီကနေ ဦးဆောင်သွားမယ်လို့သိရပါတယ်။
ဒီကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်တွေမှာလည်း ဆူဒန်၊ မေလဝီ၊ နိုက်ဂျီးရီးယား၊
အီသီယိုပီးယား၊ ကင်မရွန်၊ တန်ဇန်းနီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဇန်ဘီယား အစရှိတဲ့
နိုင်ငံတွေရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံရာမှာလည်း တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။ အချို့နိုင်ငံတွေရဲ့ရွေးကော က်ပွဲမှာလည်း သူတို့ ဝန်ဆောင်မှုတွေပေး ခဲ့ပါတယ်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ အိမ်ထောင်စု ၁၁ သန်းရှိပြီး လူဦးရေ (၅၅) သန်းနဲ့ သန်း (၇၀) အကြားရှိတယ်လို့ခန့်မှန်းထားပါတယ်။ တစ်အိမ်ထောင် ဖောင်ပုံစံ တစ်စောင်နှုန်းနဲ့ကောက်ခံမှာ ဖြစ်လို့
ဖောင်ပုံစံ အစောင်ရေ ၁၆ သန်းလောက်ကိုလည်း ပုံနှိပ်ထားပါတယ်။ ဒီလောက်
များပြားလှတဲ့ဖောင် ပုံစံတွေကို အချိန်တိုအတွင်း စာရင်းပြုစုရာမှာ
တိကျမှန်ကန်ဖို့အတွက် အမှတ်အသားတွေကို အလိုအလျှောက်
ဖမ်းယူစာရင်းသွင်းနိုင်တဲ့ Optical Mark Recognition (OMR) နည်းပညာနဲ့
လက်ရေးနဲ့ရေးထားတဲ့ စကားလုံးတွေကို ကွန်ပျူတာစကားလုံး အသွင်ပြောင်းပြီး
ဖမ်းယူ စာရင်းသွင်းနိုင်တဲ့ Intelligent Character Recognition (ICR)
နည်းပညာတွေကို အသုံးပြုပြီး စာရင်းပြုစုမှာဖြစ်ပါတယ်။
OMR နည်းပညာကတော့ နိုင်ငံတော်များများမှာ အကျယ်တဝန်း အသုံးပြုနေကြပြီး အထူးသဖြင့် စာမေးပွဲဖြေရာမှာ အသုံးပြုကြတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။ အလွယ်ကူဆုံးပြောရရင်တော့ အတန်းကျောင်းတွေက “မှား-မှန်” နဲ့ “အမှန်ရွေး” အစရှိတဲ့ မေးခွန်း ပုံစံတွေမှာ အသုံးပြုလို့ရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဖောင်ပုံစံပေါ်မှာ နံပါတ်အစဉ်အလိုက် သတ်မှတ်ထားပြီး ရွေးချယ်ရမယ့်နေရာတွေမှာတော့ 
စက်ဝိုင်း သေးသေးလေးတွေ ထားရှိပါတယ်။ ဖြေဆိုသူတွေက မိမိဖြေဆိုလိုတဲ့
အဖြေရဲ့ စက်ဝိုင်းလေးတွေကို ခဲတံနဲ့ စက်ဝိုင်းတစ်ခုလုံး အပြည့်
ခဲရောင်ချယ်ကြရပါတယ်။ ဒီလိုခဲရောင်ချယ်ထားတဲ့ အဖြေလွှာ စာရွက်တွေကို Scanner
လို့ခေါ်တဲ့ ပုံရိပ်ဖမ်းစက်ထဲမှာထည့်ပြီး
ခဲသားတွေကို ဖမ်းယူမှတ်တမ်းတင်ပါတယ်။ အဲဒီနောက်မှာတော့ ဥပမာ နံပါတ် (၁)
ကို ခဲရောင်ချယ်ထားတာက ဘယ်နှစ်ဦး၊ နံပါတ် (၂) ကို ခဲရောင်ချယ်ထားတာက
ဘယ်နှစ်ဦး အစရှိသဖြင့် စာရင်းပြုစုပါတယ်။ ဒီစာရင်းရွက်တွေကို
တစ်ရွက်ချင်းစီ စမ်းစစ်နေစရာမလိုဘဲ အဖြေလွှာတွေပေါ်က အချက်အလက်တွေ
ကွန်ပြုတာပေါ်မှာ စာရင်းဇယားတွေနဲ့ တကွပေါ်လာမှာဖြစ်ပါတယ်။
ICR နည်းပညာကတော့ OMR စနစ်လိုမျိုးရွေးချယ်ရမယ့် အဖြေတွေကို တသက်မှတ်တည်း သက်မှတ်လို့ မရတဲ့အခါမျိုးမှာ လက်ရေးနဲ့ရေးဖြေခွင့်ပြုပြီး
လက်ရေးတွေရဲ့ ပုံရိပ်တွေကို ဖမ်းယူ မှတ်တမ်းတင်တဲ့ စနစ်ဖြစ်ပါတယ်။
အတန်းကျောင်းတွေက “ကွက်လပ်ဖြည့်” ဆိုတဲ့ မေးခွန် ပုံစံမျိုးတွေမှာ
အသုံးပြုပါတယ်။ လွန်ခဲ့တဲ့ နှစ်သိပ် မကြာသေးမှီကမှ မြန်မာ့ သိပ္ပံနှင့်
နည်းပညာဝန်ကြီးဌာနကနေ လက်ရေးနဲ့ရေးထားတဲ့ ဗမာစာ ရဲ့ပုံရိပ်ကိုဖမ်းယူပြီး
ကွန်ပြုတာ စကားလုံးအဖြစ် အလိုအလျှောက်ပြောင်းနိုင်တဲ့ 
Myanmar Intelligent Character Recognition (MICR) နည်းပညာ တစ်ရပ်
ပေါ်ထွက်လာဖို့ အတွက် ကြိုးပမ်း လုပ်ဆောင်လာခဲ့ပါတယ်။ ဒီနည်းပညာဟာ
လူမျိုးအမည်နေရာမှာ လက်ရှိ သတ်မှတ်ထားပေးတဲ့ ကုတ်နံပါတ်တွေထဲမှာ မပါတဲ့
လူမျိုးအမည်ကို လက်ရေးနဲ့ရေး ထည့်မယ်ဆိုရင်တော့ အဲဒီလို လက်ရေးနဲ့
ရေးထည့်ထားတာတွေကို ICR နည်းပညာကို အသုံးပြုပြီး ကွန်ပြူတာ စကားလုံးတွေ
အဖြစ်ပြန်ပြောင်းမှာဖြစ်ပါတ ယ်။
အဲဒီနောက်မှာမှ OMR နည်းပညာကို အသုံးပြုပြီး စုဆောင်းထားတဲ့
အချက်အလက်တွေနဲ့ ပြန်လည် ပေါင်းစည်းမှာဖြစ်ပါတယ်။ လက်ရေးတွေကို
ပုံရိပ်ဖမ်းရတာဖြစ်တဲ့အတွက်
ရလဒ်ကတော့ ရာနှုန်းပြည့် မှန်ကန်မှာမဟုတ်ပါဘူး။ အကြမ်းအားဖြင့်
အခြားဘာသာတွေမှာ ပျမ်းမျှ ၉၇% နှုန်းလောက် မှန်ကန်မှုရှိတယ်ဆိုပေမယ့်
လက်ရေးနဲ့ရေးထားတဲ့ ဗမာ စာလုံးတွေကိုတော့ ဘယ်လောက် ရာခိုင်နှုန်းလောက်
မှန်အောင် ဖမ်းယူမှတ်တမ်း တင်နိုင်သလဲဆိုတာကိုတော့ သဲသဲကွဲကွဲမသိရသေးပါဘူး။
အကယ်လို့များ ၃% မှားတယ်ဆိုရင်တောင်မှ လူတစ်သိန်းမှာ (၃၀၀၀) လောက်က စာရင်း
လွဲနေလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် လူမျိုးစုစာရင်းမှာ OPM
စနစ်အတွက် ကုတ်နံပါတ်တွေမရတဲ့ လူမျိုးတွေ အတွက်ကတော့
လက်ရေးနဲ့သာရေးထည့်ရမှာဖြစ် ပြီး စာရင်း မှားနိုင်ချေလည်းပိုများပါလိမ့်မယ်။
ကောက်ခံရရှိထားတဲ့ သန်းခေါင်စာရင်းအဖြေလွှာတွေကို မေ လ ပထမအလောက်မှာ စတင်ပြီး ပုံရိပ်ဖမ်းစက်တွေထဲမှာထည့် ကာ အချက်အလက်တွေကို စုဆောင်းမှာဖြစ်ပြီး သြဂုတ်လ လောက်မှာတော့ ရလဒ်တွေသိရမှာဖြစ်ပါတယ်။
** O’Laie Manzu မှ M-Media သို့ ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။
နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အင်္ဂလန်အခြေစိုက် DRS Data Services ကုမ္ပဏီကနေ ဦးဆောင်သွားမယ်လို့သိရပါတယ
လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ အိမ်ထောင်စု ၁၁ သန်းရှိပြီး လူဦးရေ (၅၅) သန်းနဲ့ သန်း (၇၀) အကြားရှိတယ်လို့ခန့်မှန်းထာ
OMR နည်းပညာကတော့ နိုင်ငံတော်များများမှာ အကျယ်တဝန်း အသုံးပြုနေကြပြီး အထူးသဖြင့် စာမေးပွဲဖြေရာမှာ အသုံးပြုကြတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။ အလွယ်ကူဆုံးပြောရရင်တော့ အတန်းကျောင်းတွေက “မှား-မှန်” နဲ့ “အမှန်ရွေး” အစရှိတဲ့ မေးခွန်း ပုံစံတွေမှာ အသုံးပြုလို့ရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဖောင်ပုံစံပေါ်မှာ နံပါတ်အစဉ်အလိုက် သတ်မှတ်ထားပြီး ရွေးချယ်ရမယ့်နေရာတွေမှာတော
ICR နည်းပညာကတော့ OMR စနစ်လိုမျိုးရွေးချယ်ရမယ့် အဖြေတွေကို တသက်မှတ်တည်း သက်မှတ်လို့ မရတဲ့အခါမျိုးမှာ လက်ရေးနဲ့ရေးဖြေခွင့်ပြုပြီ
ကောက်ခံရရှိထားတဲ့ သန်းခေါင်စာရင်းအဖြေလွှာတွေက
** O’Laie Manzu မှ M-Media သို့ ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။
ဘယ်ခေါင်မိုးအောက် ၀င်ရပါ့မလဲ
ရေးသူ- ဦးဦး မှော်ဆရာ

ဦးခင်ရီက သန်းခေါင်စာရင်းကိစ္စအပြီး တိုင်းရင်းသားစာရင်း နောက်ထပ်တိုးလာတဲ့ လူမျိုးတွေကိုပါ ထပ်ထည့်ဖို့ရှိတယ် လို့ လေသံ ဟ နေပြီ။ ဒါကို ခုချိန်ထိ ဇဝေဇ၀ါဖြစ်နေတဲ့ဆရာတွေ ကိုယ့်အချင်းချင်း သေချာတိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ချက်တစ်ခုချဖို့ လိုပြီထင်တယ်။
ကျနော်လူတချို့ရဲ့ အမြင်တွေကို နားထောင်ကြည့်တော့ ရိုဟင်ဂျာ နဲ့ ပန်းသေး တို့က သူတို့ Identity အမှန်ကိုပဲ ထည့်မယ်လို့သိရတယ်။ ကျန်တဲ့ မြန်မာမွတ်ဆလင်တွေရဲ့ အသံတွေကတော့ တစ်ယောက် တစ်မျိုး ဖြစ်နေတုန်းပဲ။ ဒါလည်း ကျနော်စပ်စုထားတဲ့ လူအရေအတွက်အရ ပြောတာပါ။ သူတို့အမြင်တွေ ကို ခြုံကြည့်ရင် အုပ်စု(၃)မျိုးတွေ့ရတယ်။
(၁) တချို့ပုဂ္ဂိုလ်တွေက National Identity ကို မကြာခင်ရလာလိမ့်မယ်လို့ မျှော်လင့်နေတယ်။ ဒါကြောင့် သီးခြား ethnic identity တစ်ခုဖေါ်ထုတ်ဖို့ မလိုဘူးလို့ ဆိုတယ်။ သဘောက လူမျိုးနေရာမှာ `မြန်မာ´ ဆိုတာပဲ ထည့်မယ်ပေါ့လေ။
(၂) တချို့ကတော့ ဒီသန်းခေါင်စာရင်းက ဆုံးရှုံးနေတဲ့ လူနည်းစုအခွင့်အရေးအတွက် အချိန်ကောင်း တစ်ခုလို့ ယူဆတယ်။ ဒါကြောင့် ဒီအခွင့်ကောင်းကိုအသုံးချပြီး ဖျောက်ဖျက်ခံထားရတဲ့ identity တစ်ခုကို ပြန်ဖေါ်ထုတ်ဖို့ Identity ပျောက်နေတဲ့ မွတ်ဆလင်တွေအားလုံး တစုတစည်းတည်း ပမာဏတစ်ခုထိ ပြနိုင်ဖို့လိုတယ်လို့ဆိုတယ်။ ဒီထဲမှာ အဓိက (၂)စု ထပ်ကွဲနေတယ်။
(က) တချို့က- ရိုဟင်ဂျာ၊ ပန်းသေး၊ မြေဒူး၊ ပသျှူးတို့က သူတို့လူမျိုးနာမည်သူတို့ဖြည့်၊ တိုင်းရင်းသားစစ်စစ်များ နဲ့ တိုင်းရင်းသား-သွေးနှောကပြား အစ္စလာမ်ဘာသာဝင်တွေက သက်ဆိုင်တဲ့ တိုင်းရင်းသားကုဒ်ပဲဖြည့်ပြီး၊ ကျန်တဲ့ မွတ်ဆလင်တွေ အားလုံး `ပသီ´ အဖြစ်ရပ်တည်သင့်တယ် လို့ ဆိုတယ်။
(ခ) တချို့ကတော့- မွတ်ဆလင်တွေအားလုံးပေါင်းပြီး တချိန်က `ဦးရာဇတ်´ကိုယ်တိုင် ရပ်တည်ခဲ့ဖူးတဲ့ `မြန်မာမွတ်ဆလင်´ ဆိုတဲ့ Identity ကိုပဲ ပြန်လည်အသက်သွင်းနိုင်ဖို့ ကြိုးစားသင့်တယ်။ ဗမာမွတ်ဆလင်လို့ ခံယူသူတွေက ဗမာ/မြန်မာ လူမျိုးနဲ့ပေါင်းပြီး၊ ကျန်တဲ့ တိုင်းရင်းသားသွေးနှောတွေ ကတော့ တိုင်းရင်းသား အမည်အောက်မှာပဲ နေသင့်တယ် လို့ဆိုတယ်။
(၃) အလွန်နည်းတဲ့ လူအရေအတွက်လောက်ကတော့ ဘယ်လိုပဲလုပ်လုပ် `ကုလားက ကုလားပါပဲ၊ ဘာမှထူးလာမှာ မဟုတ်ဘူး´ လို့ ခံယူကြတယ်။ ဒါကြောင့် သူတို့က ကိုယ့်မှတ်ပုံတင်ထဲကအတိုင်း ဖြည့်မယ် (သို့) ထည့်ချင်ရာ ထည့်လို့ ပြောမယ် (သို့) `ကုလား` လို့ပဲ ဖြည့်ခိုင်းမယ် လို့ ဆိုကြတယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုအယူအဆတွေအားလုံးက ကိုယ်ပိုင်အခွင့်အရေးဖြစ်လို့ အပြစ်တင်စရာ မရှိပါဘူး။ ဒီလို စပ်စုပြီးသကာလ ကျနော်လည်း ကိုယ့်အမြင်ကိုယ်ပြောဖို့ အခွင့်အရေးရှိတယ်လို့ ယူဆပြီး ဆက်ပြောချင်တယ်။ အပေါ်ကနံပါတ်စဉ်တွေ အလိုက် ကျနော့်အမြင်ကို ပြောကြည့်မယ်။
(၁) National Identity တစ်ခုတည်းဖြစ်လာဖို့ဆိုတာ ဗမာ/မြန်မာ ဆိုတဲ့ လူများစုကြီးက လက်ရှိရထားတဲ့ အသာစီးရမှုကို စွန့်လွှတ်နိုင်မလား၊ ကျန်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကရော သူတို့Identity ကို ဖုံးကွယ် ခံပြီး သေချာရေရာမှု မရှိတဲ့ မြန်မာ/ဗမာလူမျိုးအဖြစ် ရပ်တည်ပါ့ မလားဆိုတာ ထည့်တွက်ရလိမ့်မယ်။ တချိန်ချိန်မှာ ၂၀၀၈ အခြေခံဥပဒေ နဲ့ (၈၂) နိုင်ငံသားဥပဒေတို့ ပြင်ဆင်/ဖျက်သိမ်းပြီး ချိန်လောက်မှာ `တိုင်းရင်းသား´ဆိုတဲ့ အယူအဆတွေထက် `နိုင်ငံသား´ ဆိုတာကပဲ အဓိကဖြစ်သွားလိမ့်မယ်လို့ ကျနော်လည်းမျှော်လင့်တယ်။ ဒါပေမဲ့ အဲဒီအချိန်ရောက်ဖို့ရာ လက်ရှိ နိုင်ငံရေးအနေအထားကနေ ဒီမိုကရေစီစနစ်တစ်ခုကို ဖေါ်ဆောင်နိုင်ဖို့ အချိန်အတိုင်းအတာ ဘယ်လောက် ကြာနိုင်မလဲဆိုတာ ထည့်စဉ်းစားသင့်တယ်။ ခုချိန်ထိတော့ (၈၂) နိုင်ငံသားဥပဒေကို ဘယ် ဒီမိုသမားကမှ အာရုံမကျသေးဘဲ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့သာ အရေးတကြီးခံယူထားတာတွေ့ရတယ်။ အစိုးရဘက်ကတော့ ခုချိန်မှာ (၈၂)နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့အစီစဉ် လုံးဝ (လုံးဝ) ((လုံးဝ)) မရှိဘူးဆိုတာ မှတ်ထားကြပါ။ ဒါ အခြေအနေမှန်ကို ပွင့်ပွင့်လင်းလင်း အသိပေးတာပါ။ (၈၂)ဥပဒေပြင်ဖို့ အစိုးရကိုပြည်ပကနေ ရာဇသံပေးထားတယ်ဆိုတဲ့ လှိမ့်လုံးဖြီးလုံးတွေကို အဟုတ်မှတ်ပြီး ပြည်တွင်းကလူတွေ ကိုယ်တကယ်လုပ်ရမဲ့ ကိစ္စမလုပ်ဘဲ သူ့အလိုလိုအခြေအနေကောင်းတွေ ရလာမယ်လို့ မျှော်လင့်ပြီး သွေးအေးနေကြမှာ တွေးမိလို့ ဒီလိုဖွင့်ပြောတာပါ။ ယုံတာ၊ မယုံတာတော့ ကျနော့်အပိုင်းမဟုတ်ပါဘူး။
(၂) ဒီသန်းခေါင်စာရင်းက ဆုံးရှုံးနေတဲ့ လူနည်းစုအခွင့်အရေးအတွက် အချိန်ကောင်းတစ်ခုလို့ ကျနော် လည်းယူဆတယ်။ ဒီအခွင့်ကောင်းကိုအသုံးချပြီး ဖျောက်ဖျက်ခံထားရတဲ့ identity တွေကို ပြန်ဖေါ်ထုတ် နိုင်ဖို့၊ မွတ်ဆလင်တွေ တစုတစည်းတည်း လူဦးရေ ပမာဏတစ်ခုထိပြနိုင်ဖို့ ဆိုတာကိုလည်း အကြမ်းဖျင်း တော့လက်ခံတယ်။ ဘယ်သူတွေက ဘယ်ခေါင်းစဉ်အောက်မှာ ရပ်မလဲဆိုတာသာ ဆက်တွေးမိတယ်။
(က) ရိုဟင်ဂျာ၊ ပန်းသေး၊ မြေဒူး၊ ပသျှူးတို့က ကိုယ့်လူမျိုးနာမည်ပဲ ဖြည့်သင့်တာကို အပြည့်အ၀ လက်ခံတယ်။ သူတို့ဟာ ယခင်သန်းခေါင်စာရင်းများနဲ့ မှတ်တမ်းများမှာ အခိုင်အမာပါဝင်ခဲ့တဲ့အတွက် ဒီနာမည်ပေါ်မှာ ပြန်ရပ်တည် သင့်ပါတယ်။ (`ကသည်း´ဆိုတဲ့လူမျိုးကတော့ မရှိတော့ဘူးလို့ သိရတယ်။)
သို့သော် တိုင်းရင်းသားစစ်စစ်များ နဲ့ တိုင်းရင်းသား-သွေးနှောကပြား အစ္စလာမ်ဘာသာဝင်တွေက သက်ဆိုင်တဲ့ တိုင်းရင်းသားကုဒ်ပဲ ဖြည့်ဖို့ဆိုတဲ့အချက်ရယ်၊ ကျန်တဲ့ မွတ်ဆလင်တွေအားလုံး `ပသီ´ အဖြစ်ရပ်တည်သင့်တယ် ဆိုတဲ့အချက်မှာ စဉ်းစားစရာတွေရှိတယ်။ ဒီလို စဉ်းစားတဲ့အခါမှာ နောင် ဖြစ်လာနိုင်တဲ့ ဒီမိုကရေစီစနစ်ဆိုတာကြီးကို ခဏမေ့ထားပြီး လက်ရှိစိန်ခေါ်မှုမျိုးကို အခြေခံပြီး စဉ်းစားပြီး ပြောချင်ပါတယ်။
ပထမတချက်က တိုင်းရင်းသားစစ်စစ်ဆိုတဲ့ထဲမှာ ဗမာ(သို့)ရခိုင်လူမျိုးအနေနဲ့ အစ္စလာမ်ဘာသာဝင်ကို တိုင်းရင်းသားတစ်ဦး အဖြစ် အခွင့်အရေး တန်းတူပေးနိုင် မလားဆိုတာ တွေးစရာပါ။ ဗမာစစ်စစ်သည်ပင် အစ္စလာမ်ဘာသာကိုးကွယ်ရင် မှတ်ပုံတင်ထုတ်တဲ့အခါ အိန္ဒိယလူမျိုးသွေးနှောအဖြစ် သက်သေပြရတဲ့ အခြေအနေကို တွေးမိတာပါ။ ဒါကြောင့် ဒီလိုအနေအထားမျိုးမှာ ရွေးစရာ နှစ်ခုရှိပါတယ်။ ကိုယ့်လူမျိုး အမှန်ကို ရွေးနိုင်သလို၊ မြန်မာမွတ်ဆလင်တွေကို ကိုယ်စားပြုတဲ့ ဘုံနာမည်(ဥပမာ- ပသီ) လိုဟာမျိုးကို ရွေးချယ်နိုင်ပါတယ်။ ဘာကြောင့်ဒီလို စဉ်းစားရသလဲဆိုရင် ကျနော့်အသိထဲက ဗမာလူမျိုး တချို့ကတောင် သူတို့လူမျိုး နာမည်အစား `ပသီ´ ထည့်မယ်လို့ ဆိုတာတွေ့ရလို့ပါ။ ဒါဟာ နိုင်ငံရေးအရ ရွေးချယ်မှု တစ်ခု အဖြစ် မြင်ပါတယ်။
ဒုတိယအချက်က တိုင်းရင်းသားသွေးနှော (ဥပမာ- ကချင်-အိန္ဒိယမွတ်စ်)တွေက သာသာယာယာပဲ တိုင်းရင်းသား ကုဒ်ဖြည့်မယ်ဆိုရင် လက်တွေ့မှာ တိုင်းရင်းသား Majority ရဲ့ လွမ်းမိုးမှု ခံရနိုင်ချေရှိတယ်။
ဥပမာ – ရှမ်း-ကျူလီယာမွတ်စ် က ရှမ်းအဖြစ်ပဲဖြည့်လိုက်ရင် တကယ်တမ်း ရှမ်းဗုဒ္ဓ လူများစုကြီးအောက်မှာ မြှုပ်သွားမလား ဆိုတာ တွေးမိတယ်။ ဒါကြောင့် ဒီလူတွေ တိုင်းရင်းသားခံယူမယ်ဆိုရင်လည်း ရသလို၊ မွတ်ဆလင်အားလုံးကို ကိုယ်စားပြုတဲ့ ဘုံနာမည်တစ်ခုအောက်မှာ ၀င်နိုင်ရင်တော့ ပိုကောင်းမယ်လို့ မြင်တယ်။ ဒီမှာတခုပြောချင်တာက ကိုယ့်မိဘ တဘက်ဘက်က နိုင်ငံခြားသား မျိုးရိုး (ဥပမာ- အိန္ဒိယ) ဆိုတာဟာ နိုင်ငံသား အဖြစ်ခံယူကတည်းက စွန့်လွှတ်ပြီးသားဖြစ်လို့ လုံးဝမေ့ထားလိုက်ဖို့သင့်ပါတယ်။
တတိယအချက်က ယခင်မှတ်တမ်းတွေမှာ မပါဝင်ခဲ့တဲ့ မွတ်ဆလင်တွေအနေနဲ့ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာ စဉ်းစားတာပါ။ ဥပမာ- စူရတီလူမျိုးတစ်ဦးက ကိုယ့်လူမျိုးနာမည်ကိုပဲ ဖြည့်တဲ့အခါ ၂၀၁၄ မှာ ဒီလူမျိုးအရေအတွက် ဘယ်လောက် ရှိခဲ့သလဲဆိုတဲ့ ထုတ်ပြန်ခြင်းမရှိတဲ့ မှတ်တမ်းထဲမှာတော့ ပါသွား နိုင်ပါတယ်။ လောလောဆယ် ဒီထက်ပိုပြီးတော့ ဘာမှအကျိုးထူးစရာတော့ မမြင်ပါဘူး။ ဒီလူမျိုးစုတွေ တခုချင်းစီက Very Minority ပါ။ တကယ်လို့သာ ဒီလိုလူမျိုးစုငယ်တွေ အားလုံးပေါင်းပြီး အပေါ်မှာ ပြောခဲ့သလို လူမျိုးနာမည်တစ်ခုအောက်မှာ တစုတစည်းတည်း ပမာဏ တစ်ရပ်ထိပြနိုင်မယ် ဆိုရင်တော့ နိုင်ငံရေးအရလည်း အကျိုးရှိအောင် အသုံးချနိုင်စရာရှိပါတယ်။ သန်းခေါင်စာရင်းကောက်ရတဲ့ ရည်ရွယ်ချက် အတိုင်း အစိုးရက Socio and Economic life developments planning တွေ ချမှတ် တဲ့အခါမှာ ဒီလူစုကြီးအတွက် မဖြစ်မနေ စဉ်းစားရမဲ့ အနေအထားတွေ ရှိလာနိုင်တယ်။ နောက်ပြီး ဒီကရလာမဲ့ figure ကို ၂၀၁၅ နိုင်ငံရေးမှာ အသုံးချနိုင်ဖို့ မျှော်လင့်ချက်ရှိပါတယ်။
(ခ) `ဦးရာဇတ်´ကိုယ်တိုင်ရပ်တည်ခဲ့ဖူးတဲ့ `ဗမာမွတ်ဆလင်´ ဆိုတဲ့ Identity ကိုပဲ ပြန်လည်အသက် သွင်းနိုင်ဖို့၊ ဗမာ/မြန်မာလူမျိုးနဲ့ ပေါင်းဖို့ဆိုတဲ့ အယူအဆကတော့ အားနည်းချက်တွေ ပိုများပါတယ်။ ဦးရာဇတ်ကို အပြစ်တင်တာ မဟုတ်ပေမဲ့ ခုချိန်မှာတွေးမိတာတစ်ခုကို ပြောချင်ပါတယ်။ တကယ်လို့သာ အဲဒီတုန်းက ဗမာလူမျိုးအဖြစ်မရပ်တည်ခဲ့ဘဲ သီးခြားတိုင်းရင်းသားအဖြစ် ရပ်တည်ခဲ့ရင် ပင်လုံစာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတစ်ခုအဖြစ် ခုချိန်မှာ ရှိနေမှာပါ။ နောက်ပြီး ဦးရာဇတ်က ဗမာအဖြစ်ခံယူစဉ် တုန်းက အခြေခံဥပဒေမပြီးသေးသလို၊ နိုင်ငံသားဥပဒေလည်း မဖြစ်လာသေးပါ။
ဒါ့ပြင် ဥပဒေရေးဆွဲသူများထဲတွင် ဦးရာဇတ်ကိုယ်တိုင်လို ဖယ်ထုတ်လို့မရတဲ့ ပုဂ္ဂိုလ်ပါဝင်နေတဲ့ အချိန်ဖြစ်တယ်။ ခုလက်ရှိအနေအထားနှင့် ယှဉ်ပြီး စဉ်းစားစေချင်ပါတယ်။ ခုချိန်မှာ (၂၀၀၈) အခြေခံ ဥပဒေ နှင့် ၈၂ နိုင်ငံသားဥပဒေ ရှိနေပါတယ်။ အစိုးရတစ်ရပ်ရဲ့ ပုံစံဝင်နေတဲ့ ရွေးကောက်ခံလွှတ်တော် လည်း ရှိနေပါတယ်။ တရာမျှတမှု ရှိတာ၊မရှိတာက တစ်ပိုင်းပါ။ နောက်ပြီး အစိုးရအထက်ပိုင်းမှာ ဦးရာဇတ်ကဲ့သို့ အရေးပါတဲ့ မွတ်ဆလင်တစ်ဦးတလေမှ မရှိပါ။ ဒါကြောင့် ကျနော့်တစ်ဦးတည်း အမြင်ပြောရရင် ဗမာနဲ့ပေါင်းပြီး အားဖြည့်မယ်ဆိုတဲ့ကိစ္စ လုံးဝမလုပ်သင့်ပါ။
(၃) `ကုလားက ကုလားပဲ။ ဘာလုပ်လုပ် ထူးမှာမဟုတ်ဘူး´ဆိုတဲ့အတွေးမျိုးက ကိုယ်ကိုယ်တိုင်အတွက် အန္တရာယ်ပါ။ အမှန်က ကုလားဖြစ်လို့ ဘာမှမထူးတာမဟုတ်၊ ဘာမှမလုပ်သေးလို့ ဘာမှမထူးတာပါ။ ကိုယ့်မှတ်ပုံတင်အတိုင်းဖြည့်မယ် ဆိုတဲ့သူများ သေချာစဉ်းစားကြပါ။ ကိုယ့်နဲ့မဆိုင်တဲ့လူတွေက လူမျိုး ၆မျိုး ၇ မျိုးလောက်တွဲပေးထားတဲ့ မှတ်ပုံတင်ပါ လူမျိုးတွဲကြီးကို ဖြည့်မလား၊ ကိုယ့် လူမျိုးနာမည် ကိုယ်တိုင် ပြဌါန်းမလား။ ဒီကိစ္စက စွန့်စားစရာတောင် မလိုပါ။ အများသဘောတူတဲ့ ဘုံးခေါင်စဉ်တစ်ခု တည်းအောက်မှာ ရပ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ ကမန်၊ ရိုဟင်ဂျာ၊ ပန်းသေး၊ မြေဒူး၊ ပသျှူးအပြင် ကျန်တဲ့ အစ္စလာမ်ဘာသာဝင်အင်အား ဘယ်အတိုင်းအတာထိရှိသလဲဆိုတာ ပြဖို့ကောင်းတဲ့ အချိန်ပါ။
ခုလက်ရှိ မြန်မာပြည်က မွတ်ဆလင်တွေရဲ့ အနေအထားက နိုင်ငံရေးဘက်မှာ ဂရုထားလောက်တဲ့ အနေအထား မရှိသေးပါဘူး။ ဒါဟာ နိုင်ငံရေးအရ ရှုံးနေတဲ့အချက်ပဲ။ လူများပြီး ပွဲမစည်ဘူးလို့ ပြောရမယ်ထင်တယ်။ ကိုယ့် ရပိုင်ခွင့်ကိုတောင်းဆိုဖို့ဆိုတာလည်း လက်ရှိအနေအထားကနေ ဥပဒေဘောင်ထဲက နိုင်ငံရေး အရ တောင်းဆိုဖို့ဆိုရင် အများစုက စုစည်းဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါတွေကတော့ ကျနော့်မှာရှိတဲ့ အခွင့်အရေးအရ မည်သူ့ကိုမျှ ပုတ်ခတ်တိုက်ခိုက် လိုတဲ့ ဆန္ဒမပါဘဲရေးထားတဲ့ အမြင်သက်သက်သာ ဖြစ်ပါတယ်။
ဦးဦး မှော်ဆရာ
(၁၃-၁၂-၁၃)

23 Dec 2013
၂၀၁၄ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ
နိုဝင်ဘာ ၉၊ ၂၀၁၃
M-Media
ရေးသားသူ – သီတာလတ်
အစိုးရနှင့် UNFPA တို့ ပူးပေါင်း၍ ၄-နှစ်ကျော်ကျော် စီမံကိန်းတစ်ခုဟာ “Population & Housing Census Myanmar 2014’’ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆိုတဲ့စီမံကိန်းပါ။ သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာတစ်ကြိမ် ကောက်ခံထားဖူးပါတယ်။ သန်းခေါင်စာရင်းကို ရပ်ကွက်အခေါ်က အိမ်ထောင်စုစာရင်းနဲ့ မှားတတ်ကြတယ်။ လူဦးရေနှင့်သန်းခေါင်စာရင်း Logo လေးကလည်း အဓိပ္ပါယ်ရှိပါတယ်။ ကော်မတီဖွဲ့ပြီး သေချာရွေးချယ်ခဲ့ကြပါတယ်။ “ပြည်သူအားလုံး ပါဝင်ဖို့ သန်းခေါင်စာရင်းကောက်ကြစို့” အားလုံးပါဝင်နိုင်စေဖို့ ဖိတ်ခေါ်ထားပါတယ်။
ယနေ့ပြောမယ့်အကြောင်းအရာတွေက
(၁) သန်းခေါင်စာရင်း နောက်ခံသမိုင်း
(၂) သန်းခေါင်စာရင်း လုပ်ငန်းစဉ်
(၃) သန်းခေါင်စာရင်း နည်းပညာ
(၄) အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ
(၅) မေးခွန်းလွှာ
(၆) သန်းခေါင်စာရင်းကောက်ခြင်းမှ ရရှိမည့် ရလဒ်များ
(၇) ပြည်သူများ၏ အခန်းကဏ္ဍ ဆိုပြီး အပိုင်းလိုက်ပြောပြသွားမှာဖြစ်ပါတယ်။
(၁) သန်းခေါင်စာရင်း နောက်ခံသမိုင်း
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ဗြိတိသျှလက်အောက်ကျရောက်ခဲ့သော (၁၈၇၂ မှ ၁၉၄၁)ခုနှစ်ထိ ၁၀နှစ်တစ်ကြိမ် ကောက်ယူခဲ့တယ်။ မြန်မာ့လွတ်လပ်ရေးရပြီးနောက်ပိုင်း သန်းခေါင်စာရင်း မကောက်ယူဖြစ်တော့ဘဲ ၁၉၇၃ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာတစ်ကြိမ် ကောက်ခံထားဖူးပါတယ်။ ကုလသမဂ္ဂမှ နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ်ကောက်ခံရမည် ဟု သတ်မှတ် ပြဌာန်းထားတယ်။ သန်းခေါင်စာရင်းတစ်ကြိမ်ကောက်ယူရန် အနည်းဆုံးအချိန် (၄) နှစ်ယူရတယ်။ ငွေကြေးကုန်ကျမှုအလွန်များတယ်။ လူဦးရေပညာအရ (၁၀)နှစ်ကိုတစ်ကြိမ် လူဦးရေးစာရင်းကောက်ထားလျှင် အဲဒီစာရင်းသည် နောင် (၁၀)နှစ်အတွက် စီမံကိန်းများရေးဆွဲရန် ခိုင်မာသော သတင်းအချက်အလက်များဖြစ်လာတယ်။ ၁၉၈၃ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခဲ့တယ်။ အဲ့ဒီ ၁၉၈၃ နောက်ပိုင်းမှာ သန်းခေါင်စာရင်း မကောက်နိုင်တော့ဘူး။ ခုနှစ်နောက်ပိုင်း အစိုးရမှ သန်းခေါင်စာရင်း မကောက်တော့ဘဲ နမူနာစစ်တမ်းများ၊ သက်ဆိုင်ရာရုံးများမှ မှတ်တမ်း၊ မှတ်ရာများ အချက်အလက်များကို ယူပါတယ်။ ပြီးတော့လူဦးရေကိုခန့်မှန်းတယ် ၁၉၈၃ကစပြီး မြန်မာနိုင်ငံဟာ အုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်းတွေ နောက် suryey လို့ခေါ်တဲ့စစ်တမ်းတွေ administrative record တွေကပဲလူဦးရေကိုခန့်မှန်းခဲ့ရတယ် တွက်ချက်ခဲ့ရတယ်။
(၂) သန်းခေါင်စာရင်း လုပ်ငန်းစဉ်
အဲဒါကြောင့်မို့မြန်မာနိုင်ငံမှာ ၂၀၁၄ကျရင် သန်းခေါင်စာရင်းကောက်ကြမယ်ဆိုပြီး လက်ရှိအစိုးရဦးသိန်းစိန်က ရည်ရွယ်တယ်။ အဲ့ဒီတော့ ဖွံ့ဖြိုးဖို့ကူညီပေးတဲ့အခါတော့ လူပေါ်မူတည်ပြီးအထောက်အပံ့ပေးရတယ်။ ဆိုလိုတာက လူဦးရေတိတိကျကျ မသိဘူးဆိုရင် ဖွံဖြိုးရေးလုပ်ငန်းလုပ်တဲ့နေရာမှာ အရမ်းခက်ခဲတယ်။ ဆိုလိုတာက လူ၁၀၀၀အတွက်ပေးရမယ့်ဟာကို လူ၅၀၀၀အတွက်တွက်တယ။် လူ၅၀၀၀အတွက် ပေးရမယ့်ဟာကို လူ၁၀၀၀အတွက်တွက်တယ်။ ပိုတာလိုတာတွေ အများကြီးရှိတဲ့အတွက် လူဦးရေတိကျဖို့လိုတယ် ဆိုတဲ့အနေအထားမျိုး၇ှိတယ်။ ဘယ်လိုဖြစ်နေလည်းဆိုတော့ လ.ဝ.ကဦးစီးဌာနက ၂၀၁၂မှာလူဦးရေသန်း၆၀ရှိမယ်လို့ ခန့်မှန်းတယ်။ ဒါအစိုးရခန့်မှန်းတာ အဲဒါကိုအစိုးရကပဲ လ၀က၀န်ကြီးဋ္ဌာနက ခန့်မှန်းတဲ့သန်း၆၀ဆိုတဲ့ဟာကို UNက သန်း၅၆သန်းပဲ ခန့်မှန်းတယ်။ အဲ့တော့လေးသန်းလောက်ကွာတယ်။ သန်းခေါင်စာရင်းကောက်ဖို့အတွက် ကုန်ကျစရိတ်ကို တွက်ချက်လိုက်တော့ US$ 58.5 သန်းခန့် ကုန်ကျမယ်။ အဲဒီစရိတ်စကတွေကို အစိုးရတစ်ဦးတည်းလည်း ကုန်ကျမခံနိုင်ဘူး။ UN တစ်ခုတည်းကလည်း ကုန်ကျမခံနိုင်ဘူး။ အဲအတွက် ရန်ပုံငွေရှာရတယ်။ အစိုးရက US$ 15 သန်းထည့်ဝင်ပြီး UNကတော့ US$ 5 သန်းထည့်ဝင်တယ်။ အခြားနိုင်ငံက ဖံွံ့ဖြိုးမှုကို ကူညီပေးနေတဲ့ အလှူရှင်တွေက ကျန်တာ ထည့်ဝင်ကြတယ်။ အားလုံး US$ 62 သန်းခန့် ရရှိထားပြီ။
(၃) သန်းခေါင်စာရင်း နည်းပညာ
တကမ္ဘာလုံးမှာသတ်မှတ်ထားတဲ့ သန်းခေါင်စာရင်းကောက်တဲ့အခါ နည်းလမ်း ၂ မျိုးနဲ့ကောက်တယ်။ နေမြဲလူဦးရေကို ကောက်ခြင်းနှင့် တွေ့ရှိတဲ့နေရာမှာ တွေ့ရှိတဲ့လူတွေကို ကောက်ခြင်းဖြစ်တယ်။ ၂၀၁၄ သန်းခေါင်စာရင်းကောက်တဲ့အခါ တွေ့ရှိတဲ့နေရာမှာ တွေ့ရှိတဲ့လူတွေကို ကောက်ခြင်း(de-fato)ဖြစ်တယ်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းတွင်ရှိနေသော နိုင်ငံသား၊ နိုင်ငံခြားသားအပါအဝင် အားလုံးသော လူတိုင်းကို ကောက်ယူမယ်။ Census Night ကို ၂၀၁၄ခုနှစ်၊ မတ်လ ၂၉ရက် စနေနေ့ည ၁၂း၀၀ နာရီဟုသတ်မှတ်ထားတယ်။ သန်းခေါင်စာရင်ကောက်ယူမည့် ကြာချိန်ကတော့ တနိုင်ငံလုံးကို မတ်လ ၃၀ရက် ၀၀း၀၀နာရီကစပြီး ဧပြီလ ၁၀ ရက်နေ့အထိ (၁၂) ရက်တိုင်တိုင် ကောက်ယူမယ်။ အဲဒီအချိန် မိမိအိမ်တွင်ရှိနေသော လူအားလုံးကို ရည်ညွန်းပြီး ကောက်ယူမယ်။ ကိုယ့်အိမ်မှာ ဘယ်သူရှိနေနေ အဲဒီအိမ်ရဲ့စာရင်းထဲမှာ ပါဝင်မယ်။ တွေ့ရှိသမျှ လူတိုင်းကို သန်းခေါင်စာရင်းကောက်ယူသောနည်းလမ်းပုံစံကို အသုံးပြုပြီးတွက်ချက်မယ်။ အကယ်၍များ အပြင်မှာ တွေ့ရှိပြီး စာရင်းကောက်ယူပြီးဖြစ်နေရင် ကိုယ်တိုင်က ဘယ်နေရာမှာတော့ ကောက်ယူပြီးပါပြီဆိုတာကို မှန်မှန်ကန်ကန်ပြောပြဖို့လိုတယ်။ နိုင်ငံခြားသံရုံးများ မပါဝင်ပါ။ နိုင်ငံခြားသံရုံးကို သက်ဆိုင်ရာနိုင်ငံကသာ ပိုင်သည်။ သန်းခေါင်စာရင်းကောက်ယူပြီးမှ သေဆုံးသွားလျှင် သန်းခေါင်စာရင်းတွင်ပါဝင်ပြီး ကျော်လွန်ပြီးမှ မွေးဖွားလာကြသူများ မပါဝင်ပါ။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ သတင်းစာမှာ သန်းခေါင်စာရင်း ဥပဒေ ပြဌာန်းခြင်းကို ဖော်ပြထားတယ်။ လေ့လာကြည့်ပါ။
(၄) အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ
အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းအရဆိုရင် နိုင်ငံတိုင်းမှာ သန်းခေါင်စာရင်းဥပဒေဆိုတာ ပြဌာန်းရတယ်။ မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်တုန်းက ၁၉၇၂ သန်းခေါင်စာရင်းဥပဒေကို အသုံးပြုတယ်။ ၁၉၈၃ခုနှစ်မှာ သန်းခေါင်စာရင်းကောက်တော့လည်း ၁၉၇၂ သန်းခေါင်စာရင်းဥပဒေကို သုံးခဲ့တယ်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ခောတ်နှင့်လိုက်လျောညီထွေသော သန်းခေါင်စာရင်းဥပဒေကို ပြုပြင်ပြဌာန်းလိုက်သည်။ မြန်မာနိုင်ငံရဲ့သန်းခေါင်စာရင်းရုံးက နေပြည်တော် ပြည်သူအင်အားဦးစီးဌာနတွင် ဖွင့်လှစ်ထားပြီး ဥပဒေအရ သန်းခေါင်စာရင်း ကော်မရှင်မှာ ဥက္ကဌအဖြစ် ဦးခင်ရီ (လ.ဝ.က ဝန်ကြီး)၊ နာယကအဖြစ် ဒု-သမ္မတ စိုင်းမောက်ခမ်းတို့ ပါဝင်ဖွဲ့စည်းသည်။ ကော်မရှင်လက်အောက်တွင် လိုအပ်သောကော်မတီငယ်များ ဆက်လက်ဖွဲ့စည်းတယ်။ ထိုအထဲမှာ ၁၂နိုင်ငံမှ သန်းခေါင်စာရင်း ပညာကျွမ်းကျင်ပညာရှင်(၁၄)ဦး ပါဝင်သော အပြည်ပြည်ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့လည်းပါဝင်တယ်။ မြန်မာနိုင်ငံမှာ နှစ် ၃၀ ကျော် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့နယ်နိမိတ်ကို တိကျစွာခန့်မှန်းနိုင်ခြင်းမရှိဘူး။ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ပထမဆုံး မြေပုံဆွဲဖို့ မြန်မာ့မြေအနေအထားကို လိုက်ပြီး အပိုင်းငယ်ပေါင်း( )ပိုင်းခြားရတယ်။ သန်းခေါင်စာရင်းအကြောင်း၊ ဘာကြောင့် ကောက်ယူရသလဲဆိုတာကို အများပြည်သူကို အသိပညာပေးရမယ်။ တွက်ချက်နည်းတွေကိုလည်း ဆန်းစစ်ရမယ်။ ဖြည့်စွပ်ထားတဲ့အချက်အလက်တွေအပေါ်မှာ နည်းပညာများနှင့် ပေါင်းစပ်အဖြေရှာမယ်။ သန်းခေါင်စာရင်းကောက်ယူခြင်းကြောင့် နိုင်ငံရေးအရ နည်းပညာအရ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာကိုပါ ဝေဖန်ဆန်းစစ်နိုင်ရန် ကျွမ်းကျင်ပညာတွေ ခေါ်ယူရခြင်းဖြစ်တယ်။ သတင်းနဲ့ပြန်ကြားရေးဌာနလည်း ဖွဲ့စည်းထားပြီ။ ရှေ့ပြေးသန်းခေါင်စာရင်းကို မြန်မာနိုင်ငံအနှံမှ မြို့နယ်ပေါင်း ၂၀ ကို စမ်းသပ်ကောက်ယူခဲ့တယ်။ တိုင်းရင်းသားအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များကို အစိုးရမှ ဖိတ်ကြားခဲ့တယ်။ ဒေသဆိုင်ရာဘာသာစကားအလိုက် သတင်းနဲ့ပြန်ကြားရေးဌာနများကို နေရာအနှံမှာ ဖွင့်လှစ်ပေးမည်။ နောင်တစ်ချိန် သန်းခေါင်စာရင်းကောက်ယူချိန်ထိ ထိန်းသိမ်းနိုင်ပြီး မှတ်တမ်းတင်ဖို့အတွက် အချက်အလက်များ အားလုံးကိုသိမ်းဆည်းထားမယ်။ သန်းခေါင်စာရင်းကောက်ယူချိန်မှာ မေးမယ့်မေးခွန်းက အခရာပဲ။ အဲဒီမေးခွန်းလွှာပြုလုပ်ဖို့အတွက် နေပြည်တော်မှာ အစိုးရဌာနများ၊ လူဦးရေနဲ့လူမှုရေးဆိုင်ရာအဖွဲ့အစည်းအသီးသီးကို အစည်းအဝေးခေါ်ယူတိုင်ပင်ခဲ့တယ်။ ဌာနဆိုင်ရာ လိုအပ်သော အခြေခံအချက်အလက်များကို တောင်းခံပြီး နိုင်ငံတိုးတက်ဖို့အတွက် ဘယ်လိုအချက်အလက်တွေ ယူမလဲဆိုတဲ့ ပညာရှင်များထံမှ အကြံဉာဏ် တောင်းခံတယ်။ ကုလသမဂ္ဂမှ ပြုစုထားသော စံမေးခွန်းလွှာကို လေ့လာတယ်။ ယခင်သန်းခေါင်စာရင်းကောက်တုန်းက မေးခဲ့ဖူးတဲ့ မေးခွန်းလွှာကို ပြန်ကြည့်တယ်။ အိမ်နီးချင်နိုင်ငံတွေက သန်းခေါင်စာရင်းမေးခွန်းပုံစံတွေကို ပြန်ကြည့်တယ်။ အဲဒါအချက်တွေကို အခြေခံပြီး ၂၀၁၄ သန်းခေါင်စာရင်းမေးခွန်းလွှာကို ပြုစုရေးဆွဲတယ်။ အကုန်ပြီးစီးသွားတဲ့အခါ အဲဒီမေးခွန်းလွှာကို အင်္ဂလန်မှာ အရွက်ရေ (၁၆)သန်း ရိုက်နှိပ်ထားတယ်။ နိုဝင်ဘာလကုန်ပိုင်းဆိုရင် မြန်မာပြည်ကို ရောက်မယ်။
(၅) မေးခွန်းလွှာ
၂၀၁၄သန်းခေါင်စာရင်း မေးခွန်းလွှာမှာ မေးခွန်းပေါင်း (၄၁) ချက်ပါဝင်တယ်။ အိမ်တစ်အိမ်ကို မေးခွန်း ၄၁ချက်ကို ဖြေဆိုဖို့ ပျမ်းမျှအချိန် မိနစ် ၂၀ ကနေ မိနစ် ၃၀ ထိကြာနိုင်တယ်။ မေးခွန်းတွေကို ဖြေတဲ့အခါ ၁ ၂ ၃ ၄ ဆိုပြီး ရေးမှာ မဟုတ်ဘူး။ ခဲတံနဲ့ ခြယ်ရမှာဖြစ်တယ်။ အဲလိုလုပ်နိုင်ဖို့အတွက် သန်းခေါင်စာရင်းကောက်ရမည့်သူတွေကို သင်တန်းပေးထားပြီးသားပဲ။ အခြေခံဖွဲ့စည်းပုံအရ တိုင်းရင်းသား (၁၃၅) မျိုးရှိတယ်လို့ ပြဌာန်းထားတယ်။ ပတ်ဝန်းကျင်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်နိမိတ်တွေမှာ အချို့လူမျိုးစုတွေရှိတယ်။ အထူးသဖြင့် ရခိုင်ဘက်( ဘင်္ဂါလားဒေ့ရှ်နယ်စပ်)၊ နာဂဘက်မှာ၊ ပြည်တွင်းမှာလည်းရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် လူမျိုးစုတစ်စုသည် စုစုပေါင်းလူဦးရေရဲ့ 0.001 % အရေအတွက်ရှိမယ်ဆိုရင် လွှတ်တော်မှာ နေရာတစ်နေရာရမယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာရမယ်။ အဲဒါကြောင့် ရှမ်း၊ မွန်၊ ချင်းတွေက ရန်ကုန်မှာ သူတို့လူမျိုးစု ဘယ်လောက်ရှိသလဲဆိုတာ စစ်တမ်းကောက်တယ်။ အမှန်တော့ အဲဒါတွေက သန်းခေါင်စာရင်းနဲ့မဆိုင်ဘူး၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲဆိုင်တယ်။ အချို့လူမျိုးစုတွေကလည်း သူတို့လူမျိုးစုကို အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းနေတဲ့သူတွေလည်း ရှိတယ်။ လူမျိုးစုတွေကို ထည့်သွင်းရေး၊ မထည့်သွင်းရေးဆိုတာ သန်းခေါင်စာရင်းကိစ္စမဟုတ်ပါ။ အဲဒါက နိုင်ငံရေးရာကိစ္စ ဖြစ်တယ်။ မည်သည့်တိုင်းရင်းသားဖြစ်နေပါစေ၊ မျိုးနွယ်စုကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ ပါကိုပါရမယ်။ ၁၉၈၂ ခုနှစ်မတိုင်မီက လူမျိုးစု (၁၄၄)မျိုးရှိရာမှ ၁၉၈၃ခုနှစ်နောက်ပိုင်းမှာ လူမျိုးစု(၁၃၅)မျိုးသာ ပါဝင်ပြဌာန်း ခဲ့တယ်။ ပျောက်သွားတဲ့ လူမျိုးစု (၈) မျိုးက သူတို့ရဲ့လူမျိုးစုပါဝင်နိုင်ရေးအတွက် လုပ်ကြတယ်။ ဒါက နိုင်ငံရေးအပိုင်းပါ။ (၁၃၅)မျိုးမှာ ပါဝင်တဲ့မျိုးနွယ်တွေအတွက် code no. တွေပါရှိပြီးသား။ အဲထဲမှာ မပါဝင်တဲ့မျိုးနွယ်စုတွေကိုတော့ Other ဆိုတဲ့အကွက်ထဲမှာ ထည့်မယ်။ ကိုယ့်မျိုးနွယ်စု မပါဝင်သူတွေဟာ Other ဆိုတဲ့ code no. က 9 1 4 ။ အဲဒီဘေးက ကွက်လပ်ကလေးမှာ ကိုယ့်ရဲ့မျိုးနွယ်စုကို ဖွင့်ဟပြောပါ။ စာရင်းကောက်သူက ကာယကံရှင်ပြောတဲ့တိုင်း 9 1 4 ရဲ့ဘေးက ……………ကွက်လပ်မှာ ကိုယ်ပြောတဲ့မျိုးနွယ်စုကို ရေးပေးလိမ့်မယ်။ အချို့မှတ်ပုံတင်ကဒ်တွေမှာ ကိုယ့်လူမျိုးအမည်အမှန်ကို မရေးထားခဲ့လျှင်လည်း သန်းခေါင်စာရင်းကောက်သူအား ကိုယ့်မျိုးနွယ်စုကို မှန်ကန်တိကျစွာပြောပါ။ မှတ်ပုံတင်ကတ်ပြားကို ထုတ်ပြစရာမလိုဘူး။ ကိုယ်ရထားတဲ့ကတ်ရဲ့အရောင် ပန်းရောင်၊ အစိမ်းရောင်၊ အဖြူရောင် စသဖြင့် အရောင်ကိုသာ ပြောပြရမှာပါ။ ဘာကတ်မှ မရှိရင်လည်း မရှိဘူးလို့ ပြောလိုက်ရုံပဲ။ ကိုယ့်မိဘရဲ့လူမျိုးက ဘာဖြစ်ဖြစ် ကိုယ်ထည့်ချင်တဲ့လူမျိုးကို ထည့်ခွင့်ရှိတယ်။ ကိုယ်ဆန္ဒရှိတဲ့လူမျိုးကိုသာ ထည့်တာကို သန်းခေါင်စာရင်းကောက်သူက ရေး၊ မရေး သေချာကြည့်ပါ။ သန်းခေါင်စာရင်းမှာ ဖြည့်စွက်ထားသည့် လူအမည်ကို မကြည့်ပါ။ အဓိက ဘာသာ၊ လူမျိုးစု ကိုသာကြည့်မှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ပြီးနောက် ပထမဆုံးထုတ်ပြန်ချိန်မှာ Other လို့ပဲ ထုတ်ပြန်မယ်ပြီး မျိုးနွယ်စုအမည်တွေ မပါဘူး။ ဒါပေမယ့် နောက်ပိုင်းထုတ်ပြန်တဲ့အခါ တစ်မျိုးချင်းစီ ထုတ်ပြန်ပေးမယ်။ သေချာသုံးသပ်စီစစ်ပြီးတဲ့အခါမှာ နောက်တစ်ချိန်ရေးဆွဲမယ့် နိုင်ငံသားဥပဒေအတွက် အကျိုးသက်ရောက်မှုရှိလာမယ်။ ဒါကြောင့် သန်းခေါင်စာရင်းမှ ရသော အချက်အလက်သည် ဥပဒေပြုရာတွင်လည်း အသုံးဝင်တယ်။ အဲဒီအတွက် ဖြေဆိုသူသည် မိမိဆန္ဒရှိသော မျိုးနွယ်စုကိုသာ ပွင့်ပွင့်လင်းလင်း၊ မှန်မှန်ကန်ကန်ပြောဆိုပါ။ ကိုယ့်က သေချာပြောရဲ့သားနဲ့ မရေးဘူးဆိုရင် ကြီးကြပ်ရေးမှူးကို တိုင်လို့ရတယ်။ အဲဒါမှ အရေးမယူဘူးဆိုရင် အထက်အဆင့်ဆင့်ကို အချိန်မီတိုင်ကြားလို့ရတယ်။ သူတို့မေးတာကို ကောင်းကောင်းမွန်မွန် ပြန်မဖြေဘူးဆိုရင်လည်း အိမ်ရှင်ကို တရားစွဲလို့ရတယ်။ ကိုယ့်မိသားစုဝင်တစ်ဦးဦးက ပြည်ပမှာရောက်နေသူရှိရင် ဘယ်နိုင်ငံမှာ ရောက်နေပါတယ်လို့ ပြောနိုင်တယ်။ ဘယ်လိုနည်းနဲ့သွားခဲ့သွားခဲ့ အရေးယူခြင်း၊ မယူခြင်းနဲ့ မဆိုင်ဘူး။ ကိုယ့်နိုင်ငံသား/မိသားစုဝင်တစ်ယောက် အခြားဘယ်နိုင်ငံမှာရှိနေတယ်ဆိုတာ ပေါ်လွင်သွားတယ်။ အဲဒါမှ ကိုယ့်သန်းခေါင်စာရင်းမှာ ကိုယ့်မိသားစုဝင်အားလုံးပါဝင်မယ်။ ကိုယ့်မိသားစုဝင်ထဲမှ ပျောက်ဆုံးနေသူရှိရင်လည်း ပြောပြရမယ်။ အခြားဘယ်နယ်ကို ရောက်နေတယ်ဆိုတာကိုလည်း ပြောပြရမယ်။ သန်းခေါင်စာရင်းကောက်ပြီးလို့ စာရင်းထုတ်ပြန်တဲ့အခါ အမည်စာရင်းထုတ်ပြန်မှာမဟုတ်ဘဲ လူဦးရေစာရင်းကို ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့် စသဖြင့် ထုတ်ပြန်မှာဖြစ်တယ်။
(၆) သန်းခေါင်စာရင်းကောက်ခြင်းမှ ရရှိမည့် ရလဒ်များ
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ခံပြီးတဲ့အခါ မြန်မာနိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ အကြမ်းဖျဉ်း ရလဒ်ရှိလာပြီ။ အမျိုးသားဦးရေ၊ အမျိုးသမီးဦးရေကို ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် အသီးသီးဖော်ပြပေးလိမ့်မယ်။ နောက် ၁၁လကြာတဲ့အခါ အကုန်အပြည့်အစုံ ထုတ်ပြန်ပေးမယ်။ သက်ဆိုင်ရာ ဌာနအလိုက် အစီရင်ခံစာစစ်တမ်းတွေ ထွက်လာမယ်။ နောက် ၁၀နှစ်၊ အနှစ် ၂၀ မှာ ဖြစ်လာမဲ့ လူဦးရေ၊ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ သက်ကြီးရွယ်အို၊ လူငယ်အရေအတွက် စသဖြင့် အားလုံးကို ခန့်မှန်းနိုင်မယ်။ လူမျိုးစုအချို့ တိုးလာဖို့ရှိသလို လျှော့သွားနိုင်တဲ့ လူမျိုးစုလည်း ရှိနိုင်တယ်။
(၇) ပြည်သူများ၏ အခန်းကဏ္ဍ
သန်းခေါင်စာရင်းဆိုတာ အိမ်ထောင်စုစာရင်းနဲ့မတူဘူး။ မှတ်ပုံတင်ကတ်နဲ့မဆိုင်ဘူး။ ကိုယ်ပတ်ဝန်းကျင်က လူအချင်းချင်း သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးသိသမျှကို မျှဝေမယ်။ မှန်မှန်ကန်ကန် ဖြေပေးကြဖို့၊ လှည်းနေ လှေအောင်း မြင်းစောင်းမကျန် လူမှန်သမျှ သန်းခေါင်စာရင်းထဲမှာ ပါဝင်ရမယ်ဆိုတာကို ပြည်သူအချင်းချင်းလည်း အသိပေးဖြန့်ဝေကြရမယ်။
http://www.m-mediagroup.com/news/20198
21 Dec 2013
“ အစမကောင်းလို့ အနှောင်း မသေခြာ ဖြစ်တော့မယ့် သန်းခေါင်စာရင်း ကောက်ယူရေး ”
စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် သတင်းစာ။ ၂၀-၁၂-၁၃။ စာ- ၆။
ပြီးခဲတဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း UNA နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ NBF တို့ ပူးပေါင်းပြီး ကြေငြာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီကြေငြာချက်ထဲမှာ လာမယ့် ၂၀၁၄ ဧပြီ အစိုးရက ဦးဆောင်ပြီး သန်းခေါင်စာရင်းကောက်ယူမယ့်
ကိစ္စ၊ အဲလို ကောက်ယူရာမှာ တိုင်းရင်းသားတွေကို (၁၃၅) မျိုးခွဲခြားပြီး
ကောက်မယ်ဆိုတာ အပါအ၀င် အခြား တိုင်းရင်းသားတွေနဲ့ ဆက်စပ်တာတွေ ဆွေးနွေးဖို့
လ၀က ၀န်ကြီး ဦးခင်ရီနဲ့ ဇန်န၀ါရီလအတွင်း တွေ့ဆုံချင်တယ်လို့
ဖော်ပြထားပါတယ်။ ပြည်တွင်းက တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေ တွေ့ဆုံပြီး
သန်းခေါင်စာရင်းကောက်ယူရေးနဲ့
ပါတ်သက်ပြီး ဘာတွေ ဆွေးနွေးဖြစ်ကြသလဲ၊ အစိုးရ လ၀က ဘက်ကို ဘာတွေ တင်ပြမလဲ၊
အစိုးရဘက်ကရော ဘယ်လို တုန့်ပြန်ထားသလဲ ၊ တိုင်းပြည်မှာ တကယ့် အရေးကြီး
လိုအပ်နေတဲ့ သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စ အစိုးရ လ၀က ၀န်ကြီးဌာနက
ဆောင်ရွက်ထားတာတွေဟာ အစ ကောင်းပါရဲ့လား ဆိုတာ ဒီကနေ့
ဆွေးနွေးတင်ပြသွားပါ့မယ်။
အဲဒီ ဆွေးနွေးပွဲမှာ UNA နဲ့ NBF အဖွဲ့ဝင် ပါတီတွေ အပါအ၀င် ပါတီ (၂၂) ခုက ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး အဓိက ဆွေးနွေးတာ အစိုးရက သန်းခေါင်စာရင်း ကောက်ယူရာမှာ တိုင်းရင်းသားတွေကို (၁၃၅) မျိုးခွဲခြား ကောက်မယ် ဆိုတဲ့ ကိစ္စ၊ အိမ်ထောင်စု အလိုက် မေးမြန်းမယ့် မေးခွန်း ပုံစံ ၄၁ ခုဟာလည်း ရိုးရှင်းလွယ်ကူမှု မရှိတဲ့ ကိစ္စ၊ တိုင်းရင်းသားတွေဟာ ဗမာစကား ရေလည်အောင် ပြောတတ်သူတွေ မဟုတ်တဲ့အတွက် အဲဒါကို ကူညီလိုတဲ့ကိစ္စ၊ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းမှာ တိုင်းရင်းသားပါတီတွေ ဘယ်လို ပူးပေါင်းပါဝင်ကူညီနိုင်မလဲ ဆိုတာ အစိုးရဘက်ကို မေးမြန်းဖို့ ကိစ္စတွေ ပါဝင်ပါတယ်။
အဓိက ဆွေးနွေးတာကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုး ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်ကို အခြေခံပြီး စာရင်းကောက်မယ့် ကိစ္စဖြစ်ပါတယ်။ တကယ်တော့ ဒီ ကိစ္စ လွှတ်တော်ထဲမှာလည်း တိုင်းရင်းသားအမတ်တွေ တင်ပြခဲ့ပြီးပါပြီ။ အစိုးရဘက်က ဖြေကြားခဲ့တာနဲ့ ပါတ်သက်ပြီး တိုင်းရင်းသား အတော်များများက လက်မခံနိုင်ကြောင်း ပြောကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုး ဆိုတာဟာ အာဏာရှင် ဦးနေ၀င်း အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ (မဆလ) ခေတ်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သတ်မှတ်ချက်ထဲမှာ ဥပမာ ကချင်ကို ၁၆ မျိုး၊ ရှမ်းကို ၃၅ မျိုး၊ လူဦးရေ အလွန်နည်းပါးတဲ့ ချင်းလူမျိုးကိုတောင် အမျိုးပေါင်း ၅၀ ကျော် နဲ့ အကွဲကွဲ အပြားပြား ဖြစ်အောင် ခွဲခြားထားတာ ဖြစ်ပါတယ်။ တစ်ချို့ အခေါ်အဝေါ်ကွဲပြီး တူညီနေတဲ့ လူမျိုးတွေ ပါသလို၊ တစ်ချို့ လူမျိုးတစ်မျိုးတည်း ဖြစ်ပါရက် နေထိုင်ရာ ဒေသ ကွာတာနဲ့ ခွဲခြားထားလိုက်တာမျိုးလည်း
အများအပြား ပါပါတယ်။ ပြောရရင် အဓိပ္ပါယ်မဲ့တဲ့၊ တိုင်းရင်းသား အားလုံး
လက်မခံနိုင်တဲ့၊ မဟာဗမာ လူမျိုးကြီးဝါဒကို အခြေခံထားတဲ့ ခွဲခြား
သတ်မှတ်မှုမျိုးဖြစ်ပါတယ်။
တကယ်တော့ လက်ရှိ တိုင်းပြည်မှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းကြီး နှစ်ရပ် တစ်ပြိုင်နက်တည်း လုပ်နေရချိန် ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ခုလို တိုင်းရင်းသား မျိုးနွယ်စု နာမည်၊ အုပ်စု သတ်မှတ်ရေးဟာ အလွန့်အလွန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ လုံးဝ မလုပ်ခဲ့သလို၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်ကလည်း အဲဒီ ပြသနာ စောစောစီးစီး ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ပါတယ်။ ခုလို နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ သန်းခေါင်စာရင်း ကောက်ယူမယ့် လုပ်ငန်း လုပ်ဖို့ စတင်ပြင်ဆင်တုန်းကလည်း လုပ်ဖို့၊ ဒါမှမဟုတ် တိုင်းရင်းသားတွေနဲ့ တိုင်ပင်တာမျိုး မလုပ်ခဲ့ကြပါဘူး။ ခုရော ပြင်ဆင်ဖို့ အချိန်မီဦးမှာပါလား။
တိုင်းရင်းသားတွေရဲ့ အဲဒီ ကြေငြာချက် ထွက်ပေါ်လာပြီး ဒီဇင်ဘာ ၁၈ ရက်ည ဘီဘီစီ မေးမြန်းခန်းတစ်ခုမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ညွှန်ချုပ် ဦးမြင့်ကြိုင်က တိုင်းရင်းသားတွေ အနေနဲ့ အဲဒီ ကိစ္စ ပြင်ချင်ရင် အစိုးရအဖွဲ့ကို တင်ပြပြီး လွှတ်တော်ကို ထပ်တင်တာ ဖြစ်ဖြစ်၊ ကိုယ့်ဖာသာကိုယ် လွှတ်တော်မှာ ပြင်ဆင်ဖို့ ပြင်တာ ဖြစ်ဖြစ် လုပ်နိုင်တဲ့အကြောင်း၊ လွှတ်တော်က သဘောတူရင် ရတဲ့အကြောင်း၊ ဒါပေမယ့် သန်းခေါင်စာရင်း မကောက်ခင်တော့ ပြင်လို့ မရနိုင်တော့ဘူး ဆိုတဲ့အကြောင်း၊ လက်ရှိ သန်းခေါင်စာရင်း ကောက်မယ့် အစီအစဉ်ဟာ ၁၉၇၃၊ ၁၉၈၃ သန်းခေါင်စာရင်း ကောက်ခဲ့တာကို အခြေခံပြီး လုပ်တာဖြစ်တဲ့အကြောင်း ဖြေသွားပါတယ်။ ပြောရရင် သန်းခေါင်စာရင်းကောက်တဲ့ဆီမှာ
ဒီ (၁၃၅) မျိုးကို အခြေခံပြီး ကောက်တဲ့ကိစ္စ ပြင်ဆင်ဖို့ အချိန်မမီတော့ဘူး
ဆိုတဲ့ သဘောပါပဲ။ သန်းခေါင်စာရင်း ကောက်ပြီးမှ နောက်ပိုင်း လွှတ်တော်က
ပြင်ထားတဲ့ လူမျိုးစု ခွဲခြားမှု ပုံစံအတိုင်း တူတာ စုတန်စု ခွဲတန်ခွဲ
လုပ်ရမယ်လို့ သူက ပြောသွားတာပါ။
တကယ်တော့ ဒါဟာ တိုင်းရင်းသားတွေ လက်သင့်ခံနိုင်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ လ၀က ဘက်ကလည်း သန်းခေါင်စာရင်း ကောက်မယ့် အဖွဲ့တွေနဲ့ ပါတ်သက်ပြီး လေ့ကျင့်မှုတွေ၊ ၁၃၅ မျိုးစာရင်း ရိုက်နှိပ်မှုတွေ ဘယ်လောက် လုပ်ပြီးပြီလဲ မသိနိုင်ပါဘူး။ တကယ်တော့ သန်းခေါင်စာရင်း ကောက်ယူရေးမှာ တိုင်းရင်းသားတွေနဲ့ ဆိုင်တာ ဒီ တစ်ခုတည်း မဟုတ်ပါဘူး။ တိုင်းပြည်မှာ အရေအတွက် အလွန်များပြားနေမယ်လို့ ခန့်မှန်းရတဲ့ သွေးနှော (ဒါမှမဟုတ်) က ပြားတွေကအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ဘယ်တိုင်းရင်းသား အနေနဲ့ သတ်မှတ် ပြောဆိုမလဲ၊ ဒီ ပြောဆိုမှုတွေကို သန်းခေါင်စာရင်း ကောက်သူတွေက မှန်မှန်ကန်ကန် ဖြည့်စွက်ပါ့မလား ဆိုတာကလည်း အတော် အရေးကြီးပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေက သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စမှာ ပူးပေါင်းပါဝင်ချင်တယ်လို့ ပြောလာကြတာပါ။ သိပ်မကြာသေးခင် အချိန်တုန်းကလည်း ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးက သန်းခေါင်စာရင်းကောက်ယူရေး တိုင်းရင်းသားတွေကို (၁၃၅) မျိုး ခွဲထားတာ လက်မခံနိုင်ဘူး၊ သူတို့နယ်မြေမှာ သူတို့ပဲ ကောက်ပေးမယ် ဆိုပြီး ကြေငြာချက် ထုတ်ခဲ့ပါသေးတယ်။
ပြောရရင် အစိုးရရဲ့ သန်းခေါင်စာရင်းကောက်ယူရေး ကိစ္စဟာ တိုင်းပြည်အတွက် အလွန့်အလွန်အရေးကြီးသလောက် လ၀က ၀န်ကြီးဌာနရဲ့ လုပ်ရပ်ဟာ အစ ကောင်းခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန် ၃-၄ လ လောက်ကျန်ပါသေးတယ်။ ဒီအတွင်း တိုင်းရင်းသားတွေနဲ့ တတ်နိုင်သမျှ ညှိနှိုင်းပြီး အမြန် အကောင်အထည် ဖော် ဆောင်ရွက်မှသာ အနှောင်းသေခြာတဲ့ ရလာဒ်ကောင်း ရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။
(နောက်ဆုံးသတင်းအရ ကချင်တွေကတော့ ကချင်မျိုးနွယ်စုအားလုံးရဲ့
လူမျိုးအမည်ကို သန်းခေါင်စာရင်းမှာ ကချင် တစ်မျိုးတည်းပဲ ဖြည့်စွက်မယ်လို့
ဒီဇင်ဘာ ၁၉ လိုင်ဇာ ဆွေးနွေးပွဲက သဘောထား ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ )
ရန်ကုန်တိုင်းမ် သတင်းစာ။ ၂၀-၁၂-၁၃။ စာ- ၆။
ပြီးခဲတဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း UNA နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ NBF တို့ ပူးပေါင်းပြီး ကြေငြာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီကြေငြာချက်ထဲမှာ လာမယ့် ၂၀၁၄ ဧပြီ အစိုးရက ဦးဆောင်ပြီး သန်းခေါင်စာရင်းကောက်ယူမယ့်
အဲဒီ ဆွေးနွေးပွဲမှာ UNA နဲ့ NBF အဖွဲ့ဝင် ပါတီတွေ အပါအ၀င် ပါတီ (၂၂) ခုက ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး အဓိက ဆွေးနွေးတာ အစိုးရက သန်းခေါင်စာရင်း ကောက်ယူရာမှာ တိုင်းရင်းသားတွေကို (၁၃၅) မျိုးခွဲခြား ကောက်မယ် ဆိုတဲ့ ကိစ္စ၊ အိမ်ထောင်စု အလိုက် မေးမြန်းမယ့် မေးခွန်း ပုံစံ ၄၁ ခုဟာလည်း ရိုးရှင်းလွယ်ကူမှု မရှိတဲ့ ကိစ္စ၊ တိုင်းရင်းသားတွေဟာ ဗမာစကား ရေလည်အောင် ပြောတတ်သူတွေ မဟုတ်တဲ့အတွက် အဲဒါကို ကူညီလိုတဲ့ကိစ္စ၊ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းမှာ တိုင်းရင်းသားပါတီတွေ ဘယ်လို ပူးပေါင်းပါဝင်ကူညီနိုင်မလဲ
အဓိက ဆွေးနွေးတာကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုး ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်ကို အခြေခံပြီး စာရင်းကောက်မယ့် ကိစ္စဖြစ်ပါတယ်။ တကယ်တော့ ဒီ ကိစ္စ လွှတ်တော်ထဲမှာလည်း တိုင်းရင်းသားအမတ်တွေ တင်ပြခဲ့ပြီးပါပြီ။ အစိုးရဘက်က ဖြေကြားခဲ့တာနဲ့ ပါတ်သက်ပြီး တိုင်းရင်းသား အတော်များများက လက်မခံနိုင်ကြောင်း ပြောကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုး ဆိုတာဟာ အာဏာရှင် ဦးနေ၀င်း အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ (မဆလ) ခေတ်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သတ်မှတ်ချက်ထဲမှာ ဥပမာ ကချင်ကို ၁၆ မျိုး၊ ရှမ်းကို ၃၅ မျိုး၊ လူဦးရေ အလွန်နည်းပါးတဲ့ ချင်းလူမျိုးကိုတောင် အမျိုးပေါင်း ၅၀ ကျော် နဲ့ အကွဲကွဲ အပြားပြား ဖြစ်အောင် ခွဲခြားထားတာ ဖြစ်ပါတယ်။ တစ်ချို့ အခေါ်အဝေါ်ကွဲပြီး တူညီနေတဲ့ လူမျိုးတွေ ပါသလို၊ တစ်ချို့ လူမျိုးတစ်မျိုးတည်း ဖြစ်ပါရက် နေထိုင်ရာ ဒေသ ကွာတာနဲ့ ခွဲခြားထားလိုက်တာမျိုးလည်း
တကယ်တော့ လက်ရှိ တိုင်းပြည်မှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းကြီး နှစ်ရပ် တစ်ပြိုင်နက်တည်း လုပ်နေရချိန် ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ခုလို တိုင်းရင်းသား မျိုးနွယ်စု နာမည်၊ အုပ်စု သတ်မှတ်ရေးဟာ အလွန့်အလွန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ လုံးဝ မလုပ်ခဲ့သလို၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်ကလည်း အဲဒီ ပြသနာ စောစောစီးစီး ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ပါတယ်။ ခုလို နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ သန်းခေါင်စာရင်း ကောက်ယူမယ့် လုပ်ငန်း လုပ်ဖို့ စတင်ပြင်ဆင်တုန်းကလည်း လုပ်ဖို့၊ ဒါမှမဟုတ် တိုင်းရင်းသားတွေနဲ့ တိုင်ပင်တာမျိုး မလုပ်ခဲ့ကြပါဘူး။ ခုရော ပြင်ဆင်ဖို့ အချိန်မီဦးမှာပါလား။
တိုင်းရင်းသားတွေရဲ့ အဲဒီ ကြေငြာချက် ထွက်ပေါ်လာပြီး ဒီဇင်ဘာ ၁၈ ရက်ည ဘီဘီစီ မေးမြန်းခန်းတစ်ခုမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ညွှန်ချုပ် ဦးမြင့်ကြိုင်က တိုင်းရင်းသားတွေ အနေနဲ့ အဲဒီ ကိစ္စ ပြင်ချင်ရင် အစိုးရအဖွဲ့ကို တင်ပြပြီး လွှတ်တော်ကို ထပ်တင်တာ ဖြစ်ဖြစ်၊ ကိုယ့်ဖာသာကိုယ် လွှတ်တော်မှာ ပြင်ဆင်ဖို့ ပြင်တာ ဖြစ်ဖြစ် လုပ်နိုင်တဲ့အကြောင်း၊ လွှတ်တော်က သဘောတူရင် ရတဲ့အကြောင်း၊ ဒါပေမယ့် သန်းခေါင်စာရင်း မကောက်ခင်တော့ ပြင်လို့ မရနိုင်တော့ဘူး ဆိုတဲ့အကြောင်း၊ လက်ရှိ သန်းခေါင်စာရင်း ကောက်မယ့် အစီအစဉ်ဟာ ၁၉၇၃၊ ၁၉၈၃ သန်းခေါင်စာရင်း ကောက်ခဲ့တာကို အခြေခံပြီး လုပ်တာဖြစ်တဲ့အကြောင်း ဖြေသွားပါတယ်။ ပြောရရင် သန်းခေါင်စာရင်းကောက်တဲ့ဆီမ
တကယ်တော့ ဒါဟာ တိုင်းရင်းသားတွေ လက်သင့်ခံနိုင်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ လ၀က ဘက်ကလည်း သန်းခေါင်စာရင်း ကောက်မယ့် အဖွဲ့တွေနဲ့ ပါတ်သက်ပြီး လေ့ကျင့်မှုတွေ၊ ၁၃၅ မျိုးစာရင်း ရိုက်နှိပ်မှုတွေ ဘယ်လောက် လုပ်ပြီးပြီလဲ မသိနိုင်ပါဘူး။ တကယ်တော့ သန်းခေါင်စာရင်း ကောက်ယူရေးမှာ တိုင်းရင်းသားတွေနဲ့ ဆိုင်တာ ဒီ တစ်ခုတည်း မဟုတ်ပါဘူး။ တိုင်းပြည်မှာ အရေအတွက် အလွန်များပြားနေမယ်လို့ ခန့်မှန်းရတဲ့ သွေးနှော (ဒါမှမဟုတ်) က ပြားတွေကအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ဘယ်တိုင်းရင်းသား အနေနဲ့ သတ်မှတ် ပြောဆိုမလဲ၊ ဒီ ပြောဆိုမှုတွေကို သန်းခေါင်စာရင်း ကောက်သူတွေက မှန်မှန်ကန်ကန် ဖြည့်စွက်ပါ့မလား ဆိုတာကလည်း အတော် အရေးကြီးပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေက သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စမှာ ပူးပေါင်းပါဝင်ချင်တယ်လို့ ပြောလာကြတာပါ။ သိပ်မကြာသေးခင် အချိန်တုန်းကလည်း ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးက သန်းခေါင်စာရင်းကောက်ယူရေး တိုင်းရင်းသားတွေကို (၁၃၅) မျိုး ခွဲထားတာ လက်မခံနိုင်ဘူး၊ သူတို့နယ်မြေမှာ သူတို့ပဲ ကောက်ပေးမယ် ဆိုပြီး ကြေငြာချက် ထုတ်ခဲ့ပါသေးတယ်။
ပြောရရင် အစိုးရရဲ့ သန်းခေါင်စာရင်းကောက်ယူရေး ကိစ္စဟာ တိုင်းပြည်အတွက် အလွန့်အလွန်အရေးကြီးသလောက် လ၀က ၀န်ကြီးဌာနရဲ့ လုပ်ရပ်ဟာ အစ ကောင်းခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန် ၃-၄ လ လောက်ကျန်ပါသေးတယ်။ ဒီအတွင်း တိုင်းရင်းသားတွေနဲ့ တတ်နိုင်သမျှ ညှိနှိုင်းပြီး အမြန် အကောင်အထည် ဖော် ဆောင်ရွက်မှသာ အနှောင်းသေခြာတဲ့ ရလာဒ်ကောင်း ရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။
(နောက်ဆုံးသတင်းအရ ကချင်တွေကတော့ ကချင်မျိုးနွယ်စုအားလုံးရဲ့
Subscribe to:
Posts (Atom)