သန်းခေါင်စာရင်း

23 Dec 2013

၂၀၁၄ သန်းခေါင်စာရင်း ကောက်ပြီးလျှင် ကိုးကွယ်ရာဘာသာ အလိုက် တနိုင်ငံလုံးရှိ လူဦးရေ စာရင်းထုတ်ပြန်ပေးမည်

အောက်တိုဘာ၊ ၁၆
M-Media

တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ဒေသများတွင် ကိုးကွယ်သည့်ဘာသာနှင့် လူမျိုး တွဲ၍ဖော်ပြရန် အစီအစဉ်ရှိမရှိကို အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပသော ပြည်သူလွှတ်တော်အစည်းအဝေးတွင် စစ်တွေမဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက မေးမြန်းခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဒု-ဝန်ကြီး ဦးဝင်းမြင့် အောက်ပါအတိုင်းဖြေကြားခဲ့ပါသည်။
- တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ဒေသများတွင် ကိုးကွယ်သည့်ဘာသာ အလိုက် လူဦးရေကို ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးစီးမှသာ တိကျစွာ ထုတ်ပြန် နိုင်မည်ဖြစ်ပါကြောင်း၊
- သန်းခေါင်စာရင်း မေးခွန်းပုံစံ စာတိုင် ၇ တွင် လူတစ်ဦးချင်းစီအတွက် ကိုးကွယ်သည့် ဘာသာကို မေးမြန်းထားပါသဖြင့် ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်၊ မြို့နယ်အဆင့်အထိ ရရှိနိုင် မည်ဖြစ်ကြောင်း၊
- ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို  ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းမကောက်ယူမီ ထုတ်ပြန်မည် ဆိုပါက တိကျမှန်ကန်သည့် ကိန်းဂဏန်းများ ရရှိရန်ခက်ခဲသဖြင့် မလိုလားအပ်သောပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူပြီးမှသာ ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေစာရင်း အား မှန်ကန်တိကျစွာ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း  ဖြေကြားခဲ့ပါသည်။

ကိုးကား-ပြည်သူလွှတ်တော် ဝဘ်ဆိုဒ်
http://www.m-mediagroup.com/news/19336

No comments:

Post a Comment