သန်းခေါင်စာရင်း

12 Jan 2014

အင်္ဂလိပ်ကိုခေါ်လာတဲ့သူက တိုင်းရင်းသားဖြစ်တယ်၊ အင်္ဂလိပ်ကို တိုက်တဲ့ သူက ကုလားဖြစ်သွားတယ်၊ ရိုဟင်ဂျာကို တွန်းလှန်ပြောဆိုနေ သူတွေ ကို တော်တော်ကို ရင်နာနေတယ် ဥက္ကဌ ဦးကျော်မင်း(ရိုဟင်ဂျာ) ပြော

မြန်မာမွတ်စလင် မီဒီယာ
ရန်ကုန်၊ ဇန်နဝါရီ(၁၁)ရက်၊ ၂၀၁၄။ သတင်း- ဇောင်းလေး


ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက လူ့အခွင့်အရေးဆုံးရှုံးနေသော ရိုဟင်ဂျာ လူမျိုးများအတွက်ဦးဆောင်လှုပ်ရှားနေသော ဥက္ကဌ ဦးကျော်မင်း အား မြန်မာမွတ်စလင်မ်မီဒီယာက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

(မြန်မာမွတ်စလင်မ်မီဒီယာ)- ရိုဟင်ဂျာလူမျိုးစုတွေကရော နိုင်ငံ့တာဝန်ကို ဘယ်ရှုဒေါင့်ကနေ တာဝန်ထမ်းဆောင်ခဲ့ပါလဲ။

(ဥက္ကဌ- ဦးကျော်မင်း)- ပထမကမ္ဘာစစ်မှာ အင်္ဂလိပ်ကို ဗမာကတိုက်တာ၊ ဗမာဘက်ကနေ ခုခံပေးတာ ဦးတို့ပဲ၊ အင်္ဂလိပ်ကို ခေါ်လာတာ ယနေ့ တိုင်းရင်းသားဆိုတဲ့ ရခိုင်တွေကပဲ အင်္ဂလိပ်ကို အကူအညီပေးတယ်၊ သမိုင်း မှတ်တမ်းမှာရှိတယ်၊ အင်္ဂလိပ်မြန်မာပထမစစ်မှတ်တမ်း။ အင်္ဂလိပ်ကိုခေါ်လာတဲ့သူက တိုင်းရင်းသားဖြစ်တယ်၊ အင်္ဂလိပ်ကို တိုက်တဲ့သူက ကုလားဖြစ်သွားတယ်၊ ရိုဟင်ဂျာကို တွန်းလှန်ပြော ဆိုနေသူတွေကို တော်တော်ကိုရင်နာနေတယ်။

ဗမာပြည်မှာ လွတ်လပ်ရေးရပြီး သူပုန်တွေထတယ်၊ ဒီဘက်မှာ ကရင်နဲ့ ဗ.က.သ၊ ဟိုဘက်မှာ ရခိုင်နဲ့ ရိုဂျာဟစ် ရိုဂျာဟစ်တွေကို လက်နက်ချအောင် တိုက်ပွဲဝင်ပေးခဲ့တာ ရိုဟင်ဂျာပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကပဲ၊ သူတို့အချင်းချင်း တိုက်တာ မခံနိုင်လို့ ရိုဂျာဟစ်က အလင်းဝင်ရတယ်၊ ငြိမ်းချမ်းရေးယူရတယ်၊ ထိုစဉ်ကတည်းက လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ တပ်မတော်မှာ ပါတယ်၊ ပြည့်သူ့ ရဲမှာပါတယ်၊ ရိုဟင်ဂျာတွေက ဌာနပေါင်းစုံပါတယ်၊ နိုင်ငံရေးလောကမှာလည်း လွှတ်တော်အမတ်တွေရှိတယ်၊ ဟိုးဗိုလ်ချုပ်အောင်ဆန်း ခေတ် ကနေနောက်ဆုံးအထိ လွှတ်တော်အမတ်တွေရှိတယ်၊ ဦးစူတန်ဆိုတာ ကျန်းမာရေးဝန်ကြီး၊ အများကြီးရိုဟင်ဂျာတွေ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့တာ၊ ဒီလောက်လုပ်ခဲ့တာ တစ်ခြားဘယ်သူရှိလဲ။

(မြန်မာမွတ်စလင်မ်မီဒီယာ)- မကြာသေးမီက သံဃာတော်များက OIC ကန့်ကွက်ဆန္ဒပြရင်းနဲ့ ရိုဟင်ဂျာလူမျိုးမရှိဘူးလို့ ကိုင်ဆောင်ထားတဲ့ ဗီနိုင်းစာတမ်းများကို တွေ့ရပါတယ်၊ အဲ့ဒါနဲ့ ပက်သက်ပြီး ရိုဟင်ဂျာလူမျိုးစုအနေနဲ့ ဘာများတုန့်ပြန်ပြောကြားချင်ပါလဲ။

(ဥက္ကဌ- ဦးကျော်မင်း)- ရခိုင်ပြည်မှာ လူဦးရေသုံးသန်းကျော်ရှိပါတယ်၊ ဒီလို ငါးဆယ်၊ တစ်ရာလောက်ပြောတဲ့စကားသည် ရခိုင်အမျိုးသားအားလုံးပြောတဲ့စကားလို့ မသတ်မှတ်ဘူး။

(မြန်မာမွတ်စလင်မ်မီဒီယာ)- ရိုဟင်ဂျာတွေက အဖက်ဖက်ကနေ ဆုံးရှုံးနေတယ်လို့ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်၊ ယခုလိုဆုံးရှုံးမှုအပေါ် နိုင်င့တော်အစိုးရဆီမှာ ဘာတွေတောင်းဆိုထားတာရှိပါသလဲ။ နိုင်ငံတော်အစိုးရဘက်ကရော ဘာတွေ တုန့်ပြန်ပြောကြားပြီးပြီလဲ။

(ဥက္ကဌ- ဦးကျော်မင်း)- နိုင်ငံရေးလမ်းကြောင်းတွေကတော့ သူ့အလုပ်နဲ့သူတင်ပြနေတာတွေတော့ ရှိပါတယ်၊ သူတို့ဘက်က တုန့်ပြန်မှုကတော့ အခုထိမပြောသေးဘူး၊ ဆုံးရှုံးခဲ့တာတွေကို ဖြည့်စည်းပေးဖို့ တောင်းရင် ပိုခက် ခဲသွားမယ်။

ယနေ့ ကမ္ဘာပေါ်မှာ ရိုဟင်ဂျာလူမျိုးဆိုတာမရှိဘူးဟု ကန့်ကွက်သူများကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ က ရိုဟင်ဂျာ လူမျိုးများအတွက်ဦးဆောင်လှုပ်ရှားနေသော ဥက္ကဌ ဦးကျော်မင်းက သိလို၊ မေးမြန်းသူများကို အထောက်အထားများနဲ့ ပြသွားမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာအကြောင်းသိချင်ရင် အချိန်မရွေးလာရောက် မေးမြန်းနိုင်ကြောင်း ၊ စာရွက်စာတမ်း ဓာတ်ပုံနှင့်တစ်ကွ သက်သေပြသွားမည်ဖြစ်ကြောင်း အထက်ပါ အကြောင်းအရာများကို ယခုကဲ့သို့ ဖြေကြားခဲ့သည်။

No comments:

Post a Comment